Headlines News :
Home » » ကျောင်းဆရာမတစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားထိုးလုယက်

ကျောင်းဆရာမတစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားထိုးလုယက်

Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 8:33 PM

ပြည်၊ ဇန်နဝါရီ ၂၄
ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က မူလတန်းပြ ကျောင်းဆရာမ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့်ထိုးကာ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ရွှေတောင်မြို့နယ် ပဒေသာရွာ မူလတန်းကျောင်းတွင် စာသင်နေသူ မူလတန်းပြ ဆရာမတစ်ဦး (ဆွဲခန့်) ကျောင်းဆင်းချိန် ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် လမ်းခုလတ်တွင် တပ်သားအဆင့် ရဲတပ်သား ချစ်ငြိမ်းချမ်းက ပြည်မြို့သို့ လိုက်ခဲ့ရန် ပြောဆိုရာ ငြင်းဆိုခဲ့သဖြင့် ဝမ်းဗိုက်ကို ဓားမြှောင်ဖြင့်ထိုးကာ စီးနင်းလာသည့် ဝီဂျမ်း အမျိုးအစား ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
“အဲဒီတပ်သားနဲ့ ကျောင်းဆရာမက အရင်တုန်းက ရည်းစားတွေ။ အရက်လည်း မူးနေပြီး ပြည်ကို လိုက်ခဲ့ဖို့ခေါ်တာ မလိုက်လို့ ဓားနဲ့ထိုးပြီး ဆိုင်ကယ်ကိုယူပြီး ထွက်ပြေးတာ” ဟု ကျောင်းဆရာမ၏ ဆွေမျိုး တော်စပ်သူတစ်ဦးက ပြောဆိုသည်။
ဓားထိုးခံရသဖြင့် ဆရာမ၏ ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာရခဲ့ပြီး ရွှေတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်း၊ လုယက်သူ ရဲတပ်သား ချစ်ငြိမ်းချမ်းကို အဆိုပါနေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် နှပ်တန်းလမ်းတွင် ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ရဲတပ်သား ချစ်ငြိမ်းချမ်းမှာ သဲကုန်း မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး လုယက်မှုအတွက် ရွှေတောင်မြို့နယ် တရုတ်မှော် ရဲစခန်းတွင် (ပ)၅/၂၀၁၅၊ ပြင်းထန်စွာ တိုက်ခိုက်လုယက်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ထပ်မံ၍ ရဲတပ်ဖွဲ့ စည်းကမ်းအရပါ အရေးယူသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းထံမှ သိရှိရသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template