Headlines News :
Home » , » ဘီးလင်းနှင့် ကျိုက်ထို ရေဘေးသင့် ဒေသခံ ၆၀၀၀ ခန့် အိမ်မပြန်နိုင်သေး

ဘီးလင်းနှင့် ကျိုက်ထို ရေဘေးသင့် ဒေသခံ ၆၀၀၀ ခန့် အိမ်မပြန်နိုင်သေး

Written By Live100 on Monday, August 3, 2015 | 9:35 PM



|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၃
မွန်ပြည်နယ်၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ဇူလိုင် ၂၈ ရက်နေ့ကမှ စပြီး မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းကာ တောင်ကျချောင်းရေ စီးဆင်း လာသဖြင့် ရေဘေးသင့်ခဲ့သည့် ဒေသခံ ၆၀၀၀ ခန့် သြဂုတ်လ ၃ ရက်နေ့ထိ ယာယီ ရေဘေး ဒုက္ခသည် စခန်းများတွင် ခိုလှုံ နေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၇ ခုမှ အိမ်ထောင်စု စုစုပေါင်း ၁၀၈၆  စု၊ လူဦးရေ ၄၆၀၀ ကျော်တို့က ရေဘေးရှောင်စခန်း ၂၆ ခုအပြင် နီးစပ်ရာ ဆွေမျိုးအိမ်တို့တွင် ခိုလှုံလျက်ရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တစ်ခုတွင်လည်း ရေလွှမ်းခံရပြီး အိမ်ထောင်စု ၃၀၀ ကျော်မှ လူ ၁၃၀၀ ကျော် တောရ ကျောင်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းတွင် ခိုလှုံနေရသည်ဟု မြို့နယ်အထောက်အကူပြုကော်မတီ ၀င် ဦးခင်မြင့်က ပြောသည်။
“ရေက အိမ်မြုပ်တဲ့ထိ တက်လာလို့ အခုလို ဘေးလွတ်ရာမှာ လာနေ နေရတယ်၊ တချို့အိမ်အမြင့်တွေကျတော့ အကုန် မမြုပ် ဘူး၊ နေလို့ရသေးတော့ ဒီကို မလာကြဘူး၊ ရပ်ကွက်မှာ မူလတန်းကျောင်း ၂ ကျောင်း ပိတ်ထားရတယ်” ဟု ကျိုက်ထိုမြို့ ကော့စံနာရပ်ကွက်မှ ရေဘေးသင့်သူ ဒေါ်လှမြင့်က ပြောသည်။
ဇူလိုင်လ ၂၈ ရက်နေ့စပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၉ ရက်နေ့မှ စပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီး ရေလျှံကာ စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသည်။
ထို့အပြင် ရေကျော်သည့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းများကိုလည်း ယာယီ ပိတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့ပေါ်ရက်ကွက်များတွင် ၅ ပေ ခန့်ထိ ရေမြင့်တက်ခဲ့ပြီး နိမ့်သည့်အိမ်များ အကုန်မြုပ်သည်ဟု မြို့နယ် ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရေလွှမ်းခံထားရသည့် ရပ်ကွက်၊ ကျေးရွာများ ၁ ပေခွဲခန့်ထိ ရေပြန်ကျနေသော်လည်း ရေဘေးရှောင်သူများ ယာယီ စခန်းတွင် ခိုလှုံနေရဆဲဖြစ်ပြီး မိုးဆက်ရွာပါက အိမ်ပြန်နိုင်ဦးမည် မဟုတ်ကြောင်း ရေဘေးရှောင်သူတို့က ပြောသည်။
“အခုဆိုရင် အိမ်တွေ ပျက်စီးနေပြီး အိမ်က တော်တော် မြုပ်ပါတယ်၊ ခေါင်းတစ်လုံးပဲ ပေါ်တယ်၊ ရေက ၂ ရက်နေ့ထိ မကျသေး ဘူး၊ နောက် ၂ ရက်လောက် မိုးမရွာတော့ဘူးဆိုရင် ပြန်လို့ရပြီ၊ မိုးရွာရင်တော့ ပြန်လို့ မရသေးဘူး” ဟု ရေဘေးရှောင်သူ ဒေါ်ခင်ဝင်းက ပြောသည်။
ရေဘေးရှောင်စခန်းများကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။
ဘီးလင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှုဒဏ် ခံရလေ့ရှိသော်လည်း ဒေသခံ ထောင်နှင့်ချိပြီး ဘေးလွတ်ရာ တိမ်းရှောင်ရသည့် အဖြစ်မျိုး ၁၉၉၇ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့က ကြုံခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template