Headlines News :
Home » » ပြည်သူ့အချစ်တော် တေးစီးရီး ရောင်းရသမျှကို ရေဘေးသင့်တွေအတွက် လှူဒါန်းမယ့် အဆိုတော်ဟဲလေး

ပြည်သူ့အချစ်တော် တေးစီးရီး ရောင်းရသမျှကို ရေဘေးသင့်တွေအတွက် လှူဒါန်းမယ့် အဆိုတော်ဟဲလေး

Written By လွင့်မောင်မောင် on Tuesday, August 4, 2015 | 1:48 PM



ဓာတ်ပုံများ - ယုမွန်ကျော်/ The Irrawaddy

အဆိုတော်ဟဲလေးရဲ့ ပြည်သူ့အချစ်တော် တေးစီးရီးဟာ ဇူလိုင်၉ ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဒီတေးစီးရီးဟာ အဆိုတော် ဟဲလေးရဲ့ ငါးခွေမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပါတယ်။

အခွေထွက်ရှိမယ့်နေ့မှာ လှည်းတန်း စိန်ဂေဟာမှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာဖြစ်ကာ အဲ့ဒီနေ့မှာ ရောင်းချလို့ရတဲ့ ငွေကြေးအားလုံးကို အဆိုတော်ဟဲလေးက ရေဘေးဒဏ် ပြည်သူတွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

အခွေနဲ့ပတ်သက်ပြီး လှူဒါန်းဖြစ်ပုံကို အဆိုတော်ဟဲလေးက “ကျနော်ဒီအခွေကို ထွက်ဖို့ စီစဉ်နေတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ နိုင်ငံမှာ နိုင်ငံတ၀က်လောက်က ရေဘေးဒဏ်ကို ခံနေရပါတယ်။ ဒါကြောင့် ကျနော်အခွေကို ထွက်ဖို့ နောက်ဆုတ်မလားပေါ့။ ဒါပေမယ့်စဉ်းစားလိုက်တော့ အားလုံးက သူ့ကဏ္ဍအသီးသမီးမှာ ပါဝင်ကူညီလှူဒါန်းနေကြတဲ့ အချိန်မှာ ကျနော်လည်းတတ်နိုင်သလောက် ကူညီချင်တယ်။ ဒါကြောင့် ကျနော်အခွေထွက်တာ မရွှေ့တော့ဘူး။ လာမယ့် ၉ ရက်နေ့မှာ လှည်းတန်းစိန်ဂေဟာမှာ အခွေရောင်းပြီး ရောင်းရသမျှကို အကုန်လှူပါမယ်၊ လာတဲ့ Customers တွေကိုလည်း အလှူခံပြီး ကျနော်ရဲ့ အနုပညာချွေးနဲစာနဲ့ ရထားတဲ့ငွေကြေးကိုလည်း ထပ်ပြီးလှူပါဦးမယ်။ လာတဲ့ ပရိသတ်တွေကိုလည်း ကျနော်က အမှတ်တရလက်ဆောင်တွေနဲ့ ပျော်စရာ ဂိမ်းအစီအစဉ်တွေကို စီစဉ်ထားပါတယ်၊ အခုချိန်က ကျနော်တို့ကို ချစ်တဲ့ပြည်သူတွေ၊ ကျနော်တို့ ချစ်တဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ တတ်နိုင်တဲ့ အနုပညာနဲ့      လှူဒါန်းမှုပြုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရေဘေးကလည်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ” လို့ ပြောပြခဲ့ပါတယ်။


အဆိုတော်ဟဲလေးရဲ့  “ပြည်သူ့အချစ်တော်” တေးစီးရီးအခွေဝယ်ယူမယ့် ပထမဆုံး ပရိသတ်တထောင် အတွက် ကိုလည်း ရိုက်ကူးထားတဲ့ Music Video သုံးပုဒ်ကို အမှတ်တရ လက်ဆောင်အနေနဲ့ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ ထည့်သွင်းပေးမယ့် သုံးပုဒ်မှာ Miss တုပ်ကွေးသီချင်း၊ ဝေယံနဲ့ မိစန္ဒီတို့ရဲ့ သီချင်းနဲ့ အဆိုတော်သစ် ဖြိုးဧကရဲ့ သီချင်းတို့ပဲ ဖြစ်ပါတယ်။

ပြည်သူ့အချစ်တော်အခွေမှာ တေးရေးများအနေနဲ့ သုခမိန်လှိုင်၊ ဒီယံ၊ ကိုလတ်တို့ ရေးသားပေးထားပြီး Featuring အနေနဲ့ နိုင်းဝမ်း၊ ဒီယံ၊ အစ္စဏီ၊ ဝေယံ၊ စစ်သွေး၊ ပင်းပင်း၊ ၀ိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိမ့်ချစ်နဲ့ မိစန္ဒီတို့ က ပါဝင်သီဆိုပေးထားကြတာဖြစ်ပါတယ်။


ယုမွန်ကျော်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template