Headlines News :
Home » , » တရုတ် အရှေ့ပိုင်းတွင် တိုင်ဖုန်းမုန်တိုင်း အရေးပေါ်သတိပေးချက် ထုတ်ပြန် (ရုပ်သံ)

တရုတ် အရှေ့ပိုင်းတွင် တိုင်ဖုန်းမုန်တိုင်း အရေးပေါ်သတိပေးချက် ထုတ်ပြန် (ရုပ်သံ)

Written By Live100 on Saturday, August 8, 2015 | 9:37 PM



တရုတ်နိုင်ငံ အရှေ့ပိုင်းမှာလည်း တိုက်ဖုန်းမုန်တိုင်းဘေးနဲ့ ကြုံနိုင်တာကြောင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဆိုဒီလော လို့ နာမည်ပေးထားတဲ့ တိုက်ဖွန် မုန်တိုင်းဟာ ထိုင်ဝမ် ကျွန်းကို သြဂုတ် ၈ ရက်မနက် စောစောပိုင်းမှာ  ၀င်ရောက်ခဲ့ပြီး အနောက်မြောက်ဘက်ကို ဦးတည်ကာ ၁ နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ ဆက်လက် ရွှေ့လျားရာမှာ ဖူဂျန် ပြည်နယ်ကို သြဂုတ် ၈ ရက် ညပိုင်းမှာ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဒေသခံတွေကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးထားသလို၊ သင်္ဘောတွေကိုလည်း ကမ်းကို ပြန်လာကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ဖူဂျန် ပြည်နယ်ထဲမှာ လူ ၁ သိန်းခွဲကျော်ကို နေရာ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။
ငါးဖမ်းလှေတွေ အားလုံးကိုလည်း သြဂုတ် ၇ ရက်နေ့ ၁၀ နာရီ နောက်ဆုံးထားပြီး ကမ်းကို ကပ်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေလည်း ဖျက်သိမ်းရမယ့် အခြေအနေ ဖြစ်ပါတယ်။
မုန်ုတိုင်းအရှိန်ကြောင့်  တရုတ်ပြည်မြို့တော် ဘေဂျင်းမှာလည်း မိုးသည်းထန်ခဲ့ပြီး လမ်းပေါ် ရေလျှံတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရ ထိုင်ဝမ်ကျွန်းပေါ်မှာ လူ ၄ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသစံတော်ချိန် သြဂုတ် ၈ ရက်နေ့  မနက် ၈ နာရီခွဲအထိ  လူပေါင်း ၇၅၁၈ ယောက်ကို အိမ်တွေကနေ ကယ်တင်ခဲ့ရတယ်လို့လည်း ထိုင်ဝမ် အရေးပေး ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အိမ်ခြေ ၂ သန်းလောက်လည်း လျပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မုန်တိုင်း ဗဟိုချက်အနီးက လေတိုက်နှုန်းဟာ ၁ နာရီ ၆၂ မိုင် နှုန်းဖြစ်ပြီး အဆင့် ၂ သတ်မှတ်ပါတယ်။ ထိုင်ဝမ်ကို ဖြတ်ပြီးတဲ့အခါမှာ အဆင့် ၁ ကို အားလျော့သွားမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။
ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်တုန်းကလည်း မုန်တိုင်းတခု ၀င်ရောက်ခဲ့တုန်းက လူ ၇၀၀ လောက် သေဆုံးပျောက်ဆုံးခဲ့ပြီး တန်ဖိုး ၃ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့ဖူးပါတယ်၊

DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template