တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ရေး
အတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့
တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ဒီနေ့
ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးဆိုတဲ့
တောင်းဆိုချက်အပေါ် သဘောတူညီမူ မရခဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက နှစ်ရက်ကြာဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မယ့်
တိုင်းရင်းသားအဖွဲ့ အရေအတွက်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရဦးမယ်လို့
ပြောပါတယ်။
Photo: Thiha Tun/RFA
RFA Burmese