Headlines News :
Home » , » လုံခြုံရေးအရအကူအညီပေးနိုင်ရေး ပြိုင်ပွဲဝင်မည့် အမတ်လောင်းများ ဆက်သွယ်ကြရန် RCSS/SSA ပြော

လုံခြုံရေးအရအကူအညီပေးနိုင်ရေး ပြိုင်ပွဲဝင်မည့် အမတ်လောင်းများ ဆက်သွယ်ကြရန် RCSS/SSA ပြော

Written By Live100 on Thursday, August 6, 2015 | 9:43 PM



ဩဂတ်စ် ၆ ရက် ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် လုံခြုံရေးအရ အကူအညီပေးနိုင်ရေး အတွက် RCSS ထံဆက်သွယ် ကြရန် ဩဂတ်စ် ၄ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန် တိုက်တွန်း ထားပါသည်။

၂၀၁၅ နိုဝင်ဘာ ၈ နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် RCSS/SSA အနေဖြင့် ဆန့်ကျင် ကန့်ကွက်မည်မဟုတ်၊ သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် မဲဆွယ်စည်းရုံးယှဉ်ပြိုင်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပါတီ အသီး သီးမှ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးအရ အကူအညီပေးနိုင်ရန် RCSS/SSA ထံ ဆက် သွယ်ကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ထံမှ မှတ်ချက်ရယူရန် ဆက်သွယ် မေးမြန်း သော်လည်း အလျဉ်းမသင့်ခဲ့ပေ။ သို့သော် -
RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က လာမည့်ေ ရွးကောက်ပွဲတွင် မည်သည့် ပါတီဘက်ရပ်တည်မည်မဟုတ်ကြောင်း၊ ဖိနှိပ် ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာမျိုး လည်း မရှိသင့်ကြောင်း၊ ပြည်သူလူထုက မိမိနှစ်သက်သည့်ပါတီကို မိမိကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်၊ မဲပေးပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။
ထုတ်ပြန်ကြေငြာချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး NCA အားထောက်ခံကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်တွင် လည်း နိုင်ငံတော်အစိုးရနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများ နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမ ည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တရပ်ကို ရွေးကောက်ပွဲ အကြိုကာလတွင် အတည်ပြုနိုင်ရန် ကြိုးပမ်းညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် ပဏာမအဆင့် သဘောတူညီချက် ၃၁ ချက် နှင့် တရားမဝင် မူးယစ်ဆေးဝါးများ ကာကွယ်တိုက်ဖျက်ရန် နိုင်ငံတော် အစိုးရနှင့်အတူ ညှိနှိုင်းပူးပေါင်းေ ဆာင်ရွက်သွားမည် စသဖြင့် ပါရှိသည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template