Headlines News :
Home » » မြိတ်ခရိုင် အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ စတင် ဖွဲ့စည်း

မြိတ်ခရိုင် အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ စတင် ဖွဲ့စည်း

Written By Live100 on Sunday, August 2, 2015 | 11:22 PM



မြိတ်ခရိုင် အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့
ဖွဲ့စည်းကြောင်း အသိပေးသည့် အခမ်းအနား
ဓာတ်ပုံ - ဇော်ဇော် / Dawei Watch

|Dawei Watch| မြိတ် ဩဂုတ် ၂
မြိတ်ခရိုင်အတွင်း ဆုံးရှုံးနစ်နာနေသည့် အလုပ်သမား အခွင့်အရေးများကို ပြန်လည် မြှင့်တင်ပေး နိုင်ရန်အတွက် မြိတ်ခရိုင် အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ကို ဩဂုတ်လ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့ကြောင်း ယင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်နိုင်ထံမှ သိရသည်။
ကနဦးအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ဥပဒေပါ အခွင့်အရေးများကို ရှင်းပြပြီး ဥပဒေ၏ အကာအကွယ် ရရှိအောင် ကူညီရန် စီစဉ်ထားသည်ဟု ဦးကျော်ကျော်နိုင်က ပြောသည်။
“အခုလို အဖွဲ့အစည်းတစ်ခုက အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိလာအောင် လုပ်ပေး မယ်ဆိုတော့ ကောင်းတဲ့ လက္ခဏာ ပါပဲ၊ ဘာကြောင့်လဲဆိုတော့ အလုပ်သမား အများစုက ဥပဒေကို မသိကြ ဘူး”ဟု ရေလုပ်သားတစ်ဦး ဖြစ်သူ ဦးဝင်းနိုင်က ပြောသည်။
အလုပ်သမားများ၏ လုပ်ခ လစာများကို တန်ရာတန်ကြေး ရရှိ လာအောင်၊ အသက်အာမခံကြေး၊ ကျန်းမာရေး စောင့်ရှောက်မှု အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု စသည်တို့အပြင် ပင်စင်ရရှိမှုအထိကို ဆောင်ရွက်ပေးရန် ရှိသည်ဟု ယင်း အဖွဲ့နာယက ဦးချစ်ဝေက ပြော သည်။
ထို့ပြင် မြိတ်ခရိုင် အလုပ် သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ ပေါင်းကူး၊ ILO (International Labour Organization)၊ ၈၈ မျိုးဆက်မှ အလုပ်သမားရေးရာဌာနတို့နှင့်အတူ ချိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။
အဆိုပါ အဖွဲ့အစည်းကို ဩဂုတ် လ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့ သော်လည်း လုပ်ငန်းများ စတင်လုပ် ဆောင်နေသည်မှ တစ်လခန့် ရှိပြီ ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။
မြိတ်ခရိုင်အတွင်း အထူးသဖြင့် ကျွန်းစုမြို့နယ်အတွင်းတွင် ရေလုပ်သားများ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှု အများဆုံး ကြုံနေရကြောင်း သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template