Headlines News :
Home » » ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဆင်ခြေဖုံး ရပ်ကွက်တချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဆင်ခြေဖုံး ရပ်ကွက်တချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

Written By Live100 on Tuesday, August 4, 2015 | 12:22 AM



ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်အနီးရှိ ငမိုးရိပ်ရေ လှောင်တမံ ရေပိုလွှဲမှ ယမန်နေ့ တွင်ရေထုတ်လွှတ်မှုကြောင့်ရန်ကုန် တိုင်းဒေသကြီးဆင်ခြေဖုံးရပ်ကွက် တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ ကြောင်းသိရသည်။
''အခုဆို သင်္ဃန်းကျွန်းဘက် မှာ ရေစတင်ကြီးလာနေပါပြီ၊ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နား မှာလည်းရေတွေမြုပ်နေပြီ၊တဖြည်း ဖြည်းနဲ့ရေတက်တာမြန်လာတယ်'' ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်းနေ ထိုင်သူ ဒေါ်ခင်မြင့်က ပြည်ထောင် စုနေ့စဉ်သို့ပြောသည်။

ဒဂုံမြောက်ပိုင်းမြို့နယ်တွင် အဆိုပါရေလှောင်တမံရေထုတ်လွှတ် မှုနှင့်ပတ်သက်၍ မြို့နယ်နှင့်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူး ပေါင်း၍ အစည်းအဝေးများပြုလုပ် ကာ ကာကွယ်ရေးအတွက်ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားကြောင်း သိရသည်။
''အခုထက်ထိတော့ မြောက် ဒဂုံမှာ ရေလှောင်တမံကြောင့် ရေ ကြီးလာတာမျိုး မရှိသေးပါဘူး။ လောလောဆယ်ကတော့ မိုးရေ ကြောင့် ရပ်ကွက်ထဲ ရေနည်းနည်း ဝင်နေတာပဲရှိပါသေးတယ်။ အခု ကတော့ ရေကတက်လာတာလဲ မြန်သလိုပြန်ကျတာလဲ အရမ်း မြန်ပါတယ်။ အခုလိုမိုးရေကြောင့် ရေလျှံနေတာကတော့ ပြီးခဲ့တဲ့လ ကုန်ခါနီးလောက်ကနေ စဖြစ်နေ တာပါ''ဟု ဒဂုံမြောက်မြို့နယ်မှ မစန္ဒာမိုးက ယနေ့နံနက်ပိုင်းတွင် ပြောသည်။

အလားတူ ရွာသာကြီး စိတ် ကျန်းမာရေဆေးရုံ သွားရာလမ်း တစ်လျှောက်နှင့်လှည်းကူးမြို့နယ် အတွင်း၌လည်း ရေကြီးရေလျှံမှု များဖြစ်ပေါ်နေပြီး ရေကြီးမှုအခြေ အနေများ ပိုမိုဆိုးရွားလာမည်ကို ဒေသခံများအနေဖြင့် များစွာစိုးရိမ် လျက်ရှိသည်။

ရန်ကုန်မြို့နယ်အတွင်း မိုး ဆက်တိုက်ရွာသွန်းမှုကြောင့် တိုက် ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် တွံတေးမြို့နယ်တို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရပြီး အခြားသောမြို့နယ် အသီးသီးတွင်လည်း ရေလွှမ်းမိုးမှု များ ဖြစ်ပေါ်လျက်ရှိကြောင်းသိရ သည်။

စိုးစိုးစံ
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template