Headlines News :
Home » » သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က တိုက်တွန်း

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က တိုက်တွန်း

Written By Live100 on Saturday, August 8, 2015 | 8:15 AM


ချစ်မင်းထွန်း ၊ photo - EPA

လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်း စိန်အား ဒုတိယသမ္မတသက်တမ်း ဆက် လက်တာဝန်ထမ်းဆောင်ရန် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက်လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်တွန်းကြောင်းကို ပြည် ထောင်စုဝန်ကြီးဦးအုန်းမြင့်က သူ၏ Jastin Minnအမည် ဖေ့စ်ဘွတ်စာမျက် နှာပေါ်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လာရောက်တွေ့ဆုံခဲ့သော 'ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာကတိပြုချက်' လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့မှ ခေါင်းဆောင်များသည် ရွေးကောက်ပွဲမတိုင်မီ လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ ဦးညိုအုန်းမြင့်က ပြောသည်။

''အဓိကဆွေးနွေးတာက NCA နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတာ။ ပြီးမှ သူတို့ဒီလိုဆန္ဒရှိနေပါတယ် ဆိုတာ ပြောပြတာပါ''ဟုဆိုသည်။
အဆိုပါတွေ့ဆုံမှုကို သြဂုတ် ၃ ရက် က နေပြည်တော်ရှိတောင်သူပညာပေး ဧက ၅ဝဝ စံပြစိုက်ခင်းအတွင်းရှိ အဆင့် မြင့် သစ်သီးဝလံအအေးခန်းနှင့် ထုပ် ပိုးစက်ရုံ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင်ပါဝင်ခဲ့သော ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ၏ Jastin Min အမည်နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ''ဆွေးနွေးနေရင်းပဲ KNU ဥက္ကဋ္ဌ၏ နိုင်ငံရေးစစ်ရေးအကြံပေး ဦး ဟန်ယောင်ဝေ တိုင်းရင်းသားအဖွဲ့အ စည်းများ၏ အကြံပေးပညာရှင်တို့အပါ အဝင် အစည်းအဝေးတက်ရောက်နေ သူများက ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ် ငန်းစဉ်တွေ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ထွန်းဖို့ဆိုရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ပေးစေ လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါ တယ်။ သို့မှသာ ပြည်သူများလိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်
မြတ်ရေးဟာ ပိုမိုခိုင်မြဲစွာ အကောင်အ ထည်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်
ကြပါကြောင်းပြောပါတယ်''ဟု ရေးသား ဖော်ပြထားသည်။
ယင်းတွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့ဘက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သလို(MPC) မှ ဦးလှ မောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဦးအောင် နိုင်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template