Headlines News :
Home » » ကော့သောင်း ကိုယ်စားလှယ်လောင်းတစ်ဦးအား ပါတီဝင်တချို့ ကန့်ကွက်

ကော့သောင်း ကိုယ်စားလှယ်လောင်းတစ်ဦးအား ပါတီဝင်တချို့ ကန့်ကွက်

Written By Live100 on Saturday, August 8, 2015 | 8:27 PM


|Dawei Watch| ကော့သောင်း၊ သြဂုတ် ၇
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) က ရွေးချယ်ပေးလိုက်သည့် ကော့သောင်းကိုယ်စားလှယ်လောင်းများအနက် တရား လွှတ်တော် ရှေ့နေ့တစ်ဦးဖြစ်သည့် ဦးခင်ဇော်အား ပြန်လည် စိစစ်ပေးရန် ရပ်/ကျေး ပါတီဝင်တချို့မှ သြဂုတ်လ ၅ ရက်နေ့က ဗဟိုသို့ ကန့်ကွက်စာပေးပို့ထားကြောင်း ကော့သောင်းမြို့နယ် အင်န်အယ်လ်ဒီ ပါတီထံမှ သိရသည်။
သြဂုတ်လ ၁ ရက်နေ့တွင် ဗဟိုက ထုတ်ပြန်လိုက်သည့် စာရင်းရ ကော့သောင်းမြို့နယ်မှ ၀င်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များမှာ ဦးခင်ဇော်(တရားလွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊ ဦးမြင့်မောင်( တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၂))၊ ဦးနေထွန်း ( တိုင်းဒေသကြီး မဲဆန္ဒနယ် (၁))၊ ဒေါက်တာ ခင်မောင်ဝင်း (အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁)) တို့ ဖြစ်သည်။
ဦးခင်​​ဇော်​သည် တရားလွှတ်​​တော်​​ ရှေ့​နေဖြစ်​​သော်​လည်း  ပြည်သူလူထုအရေး၊ ​​ တောင်​သူလယ်သမားအ​ရေးအား ပါဝင်ဆောင် ရွက်ရာတွင် တရားမျှတမှု မရှိခြင်းနှင့် ပါတီအရေး ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း ၁၈ မိုင် ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“အခုကန့်ကွက်ကြတာက ပုဂ¾ိုလ်ရေး တိုက်ခိုက်မှု သက်သက်ပါ”ဟု ဦးခင်ဇော်က တုန့်ပြန်သည်။
အမှုကိစ္စများတွင် ဆုံးဖြတ်ချက်သည် တရားသူကြီးနှင်သာ သက်ဆိုင်သည့်အတွက် အမှုရှုံးတိုင်း ရှေ့နေတစ်ယောက်အနေဖြင့် ပါတီဝင်များဘက်က မရပ်တည်ဟု မပြောသင့်ဟု ဦးခင်ဇော်က ပြောသည်။
ကော့သောင်းမြို့ခံ တစ်ဦးလည်းဖြစ်သည့် ဦးခင်​​ဇော်​သည်​ လက်ရှိတွင် ပါတီ၏ မြို့နယ် သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗဟိုက ရွေးချယ်သည့်အတိုင်း ၀င်ရောက် အရွေးခံမည်ဟု ထပ်လောင်းပြောသည်။
ယင်းကန့်ကွက်လွှာကို ရပ်/ကျေး ပါတီဝင်နှင့် ဒေသခံ ၇၃ ဦး လက်မှတ်ထိုး ပေးပို့ခဲ့သည်ဟု ကန့်ကွက်ရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးမျိုးလွင်ထံမှ သိရသည်။
ထို့အပြင် နောက်ထပ် ကန့်ကွက်လက်မှတ်များကိုလည်း စုဆောင်းနေပြီး သြဂုတ်လ ၆ ရက်နေ့ ညအထိ ၁၀၀ ၀န်းကျင် ရထားကြောင်း သိရသည်။
ဦးမျိုးလွင်သည် ကော့သောင်း ၈၈ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး ယခုကန့်ကွက်မှုသည် ကော့သောင်း ၈၈ အဖွဲ့နှင့် မသက်ဆိုင်ဟု ဦးမျိုးလွင်က ပြောသည်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင်လည်း ကိုယ်စားလှယ်လောင်း ၃ ဦးကို မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေး အဖွဲ့ဝင်များက ကန့်ကွက်ထားသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template