Headlines News :
Home » » မှတ်ပုံတင်အတု လုပ်ပေးသည့် ဘုတ်ပြင်း လ.၀.က ဦးစီးမှူးပါ ၂ ဦးကို ဖမ်းဆီး

မှတ်ပုံတင်အတု လုပ်ပေးသည့် ဘုတ်ပြင်း လ.၀.က ဦးစီးမှူးပါ ၂ ဦးကို ဖမ်းဆီး

Written By Live100 on Saturday, August 8, 2015 | 8:32 PM


|Dawei Watch| ကော့သောင်း၊ သြဂုတ် ၈
ထိုင်းနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်နေသည့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် လ.၀.က ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့အား မှတ်ပုံတင် အတုပြုလုပ်ပေးမှုဖြင့် အရေးယူထားကြောင်း ကော့သောင်းမြို့နယ် မှုခင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
၎င်းတို့ နှစ်ဦးသည် ရန်ကုန်မြို့ အင်းစိန် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၆/ဘပန (နိုင်) ကိုင်ဆောင်နိုင်ရန် မသမာသည့် နည်းဖြင့် ပူးပေါင်း ကြံစည်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဘင်္ဂါလီများကို လူကုန်ကူးမှုဖြင့် ထိုင်းမှ ဖမ်းဝရမ်းထုတ်ထားသည့် အထက်ပါ ထိုင်းနိုင်ငံသားသည့် ကော့သောင်းသို့ တိမ်းရှောင်လာပြီး ထို့မှတဆင့် ရန်ကုန်သို့ ထွက်ပြေးရန် မှတ်ပုံတင်လိုအပ်စဉ် ငွေပေးပြီး မှတ်ပုံတင် ပြုလုပ်ခဲ့သည်ဟု အဆိုပါ ထိုင်းနိုင်ငံသား၏ ထွက်ဆိုချက်ကို ကိုးကားပြီး မှုခင်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
အထက်ပါ လ.၀.က ဦးစီးမှူးနှင့် ဒု ဦးစီးမှူးတို့အား ကော့သောင်းမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၇ ရက်နေ့တွင်  ပြစ်​မှုဆိုင်ရာ ဥပဒေ ပုဒ်​မ ၁၉၈၂ခုနှစ် မြန်​မာနိုင်​ငံသား ဥပ​ဒေပုဒ်​မ ၁၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရန်ကုန်တွင် ဖမ်းမိချိန်တွင် မှတ်ပုံတင် သိမ်းဆည်းရမိရာမှ CID မှ စစ်ဆေးသည့်အတွက် အဖြစ်မှန် ပေါ်ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်း မှုခင်းရဲတပ်ဖွဲ့မှ အထက်ပါ ရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template