Headlines News :
Home » » စီးပွါးရေးပြန်လည်ဦးမော့ရေးအတွက် ခရီးသွားဧည့်သည်များ ကျိုင်းတုံ၌ တညတည်းဖို့ နယ်စပ်ဝန်ကြီးပြော

စီးပွါးရေးပြန်လည်ဦးမော့ရေးအတွက် ခရီးသွားဧည့်သည်များ ကျိုင်းတုံ၌ တညတည်းဖို့ နယ်စပ်ဝန်ကြီးပြော

Written By လွင့်မောင်မောင် on Monday, May 21, 2012 | 7:58 PM




သံလွင်အရှေ့ခြမ်း မြို့တော် ကျိုင်းတုံ၏ စီးပွါးရေးပြန်လည်ဦးမော့လာစေရန် ယခုလကုန်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် ပါက ခရီးသွားများအား ကျိုင်းတုံ၌ ညအိပ်နားခိုရန် နယ်စပ်ဝန်ကြီးက အမိန့်ထုတ်ထားကြောင်း သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံမြို့ ၌ တွေ့ဆုံစဉ် နယ်စပ်ဝန်ကြီးဌာနမှအရာရှိတဦးကပြော၏။


“တရုတ်ဖက်ကဧည့်သည်တွေ မိုင်းလားကိုဝင်ရောက်လည်ပတ်နိုင်ဖို့ ဒီလကုန် နယ်စပ်ဂိတ်ပြန်ဖွင့်ပါမယ်။ မိုင်းလား အာဏာ ပိုင်တွေရဲ့တောင်းဆိုချက်အရလဲပါသလို ကျိုင်းတုံမြို့ရဲ့ စီးပွါးရေးကိုပြန်လည်ဦးမော့ပေးဖို့ အတွက်ဖြစ်ပါတယ်” – ဟု တွေ့ ဆုံဆွေးနွေးပွဲတက်ရောက်သည့် နယ်စပ်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နတလ အရာရှိ ဦးအောင်ကျော်မြင့် ကပြောသည်။



အဆိုပါ နယ်စပ်ဂိတ်ဖွင့်လှစ်ရန် နတလ ဝန်ထမ်းများ ၂၀၁၁ နှစ်ကုန်ကတည်းက မိုင်းလားသို့ရောက်ရှိနေပြီဖြစ်ပြီး ဝန်ထမ်း များမပြည့်စုံသေးသဖြင့် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဦးအောင်ကျော်မြင့်က ဆက်၍ပြောပါသည်။


တရုတ်ပြည်ဖက်ခြမ်းတာလော့နှင့် မိုင်းလားမြို့ကြား လူဝင်လူထွက်များအား တာဝန်ယူပေးရန် အကောက်ခွန်ဝန်ထမ်းများ နှင့် လ၀က ဝန်ထမ်းများအား ရွေးချယ်စီစစ်နေဆဲဖြစ်ကြောင်းပြောသည်ဟု ဆို၏။


“ အရင်တုန်းက လမ်းမကောင်းခင်တုန်းက တရုတ်ကလာတဲ့ကုန်တွေရော ထိုင်းကလာတဲ့ ကုန်တွေရော ကျိုင်းတုံမှာ ညအိပ် တည်းခိုရတော့ ကျိုင်းတုံမြို့ဟာ စည်ကားတယ်။ စီးပွါးရေးတိုးတက်တဲ့မြို့တမြို့ဖြစ်တယ်။ အခုတော့ တာချီလိတ်ကလာတဲ့ လမ်းကလဲကောင်း၊ မိုင်းလားကလာတဲ့လမ်းကလဲကောင်းတော့ လူတွေက ကျိုင်းတုံမှာမနားတော့ဘဲ ဖြတ်သွားဖြတ်လာ ဆိုတော့ ခြောက်ကပ်သွားတယ်။ စီးပွါးရေးကျဆင်းလာတယ်။ ဒါကြောင့် အခုပြန်ဖွင့်ရင် ကျိုင်းတုံမှာညအိပ်ဖို့တောင်း ဆိုထားရတာဖြစ်တယ်” ဟု ဦးအောင်ကျော်မြင့်က ဆက်လက်ပြောပြသည်။


ကျိုင်းတုံမြို့သည် သျှမ်းပြည်အရှေ့ပိုင်း နှစ်ပေါင်း ၇၀၀ ကျော်သည့် ရှေးမြို့တော်ဟောင်းဖြစ်သည့်အပြင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံ ဖြတ်သန်းသည့် အာရှကုန်သွယ်ရေးလမ်းမကြီးပေါ်တွင်တည်ရှိသည်။


နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီစဉ်ကြောင့် မိုင်းလားတပ်ဖွဲ့ နှင့် ထိုစဉ် မြန်မာစစ်အစိုးရအကြား ဆက်ဆံရေးတင်း မာခဲ့ကာ နှစ်ဘက်အင်အားပြိုင်ဆိုင်ဖြည့်တင်းရာမှာ ၂၀၁၀ နိုဝင်ဘာမှစ၍ ကျိုင်းတုံ - မိုင်းလား တရုတ်နယ်စပ် တာလော့မြို့ ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသသို့ပေါက်သည့် အဆိုပါလမ်းအား မြန်မာအာဏာပိုင်တို့က ပိတ်ထားရာမှ ယနေ့တိုင် လွတ်လပ်စွာသွားလာ ဖြတ်သန်းနိုင်ခြင်းမရှိသေးပေ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template