Headlines News :
Home » » မှော်ဘီမြောင်းတကာစက်မှုဇုန် သံမဏိအလုပ်သမားများအစာငတ်ခံဆန္ဒထုတ်ဖော်ပွဲ။

မှော်ဘီမြောင်းတကာစက်မှုဇုန် သံမဏိအလုပ်သမားများအစာငတ်ခံဆန္ဒထုတ်ဖော်ပွဲ။

Written By လွင့်မောင်မောင် on Saturday, May 26, 2012 | 7:46 PM

 မေလ၂၆ရက်
 
မေလ ၂၅ ရက်နေ့ကတွေ့မြင်ရသော  မှော်ဘီမြောင်းတကာစက်မှုဇုန်
သံမဏိအလုပ်သမားများအစာငတ်ခံဆန္ဒထုတ်ဖော်ပွဲ။
မြောင်းတကာ စက်မှုဇုန် ရန်ကုန်Crown သံမဏိစက်ရုံတွင် အခြေခံအလုပ်သမားအခွင့်အရေးရရှိ
န် အစာငတ်ခံ ဆန္ဒပြနေသောအလုပ်သမားဦးရေ အယောက် ၄၀ရှိနေပြီဖြစ်ကြောင်းအဆိုပါဆန္ဒပြပွဲတွင်
ပါဝင်သောအလုပ်သမားခေါင်းဆောင်တစ်ဦးကအတည်ပြုပြောကြားသည်။
ယနေ့နံနက်တွင်အစာငတ်ခံဆန္ဒပြသူ ၁၅ ဦး ထပ်မံတိုးလာခဲ့ပြီး အဆိုပါဆန္ဒပြနေသူများထဲမှအလုပ်သမား
၎ ဦးမှာကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်းသိရသည်။
မြောင်းတကာစက်မှုဇုန် Yangon Crown သံမဏိစက်ရုံမှအစာငတ်ခံဆန္ဒထုတ်ဖော်သူကိုတင်မိုးဝင်း၏သေတမ်းစာ(၁)
မြောင်းတကာစက်မှုဇုန် Yangon Crown သံမဏိစက်ရုံမှအစာငတ်ခံဆန္ဒထုတ်ဖော်သူကိုတင်မိုးဝင်း၏သေတမ်းစာ(၂)
မြောင်းတကာစက်မှုဇုန် ရန်ကုန်Crown သံမဏိစက်ရုံမှ အခြေခံအလုပ်သမားရပိုင်ခွင့်များ
အတွက်အစာငတ်ခံဆန္ဒထုတ်ဖေါ်နေသောအလုပ်သမားတစ်ဦး၏သေတမ်းစာ
အမည် - တင်မိုးဝင်း
အသက် - ၂၅ နှစ်
ယခုအချိန်မှစ၍ ကျွန်တော်၏ ဘဝသည် နဂုံးချုပ်သွားပြီဟု သတ်မှတ်လိုက်သည်။ ဤစာကို ကျွန်တော်ရဲ့ သေတမ်းစာအဖြစ် ရေးသားခဲ့သည်။ ကျွန်တော့်ဘဝရဲ့ နောက်
ဆုံးသေတမ်းစာကို ကျွန် တော်၏ အဖေအမေနှင့်အတူ ရွှေညဝါဆရာတော်
ဘုရားကြီးအပါအဝင် မေတ္တာရှင်များ မြန်မာတစ်နိုင်ငံ လုံးမှာရှိသမျှ အလုပ်သမားများသိစေရန် ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည် အသက်ခန္ဓာ ကွဲကွာပြီး သေဆုံးသွားသည့်တိုင် အလုပ်သမားများ၏ ဆန္ဒမပြည့်ဝခဲ့ပါက ဝိညာဉ်အဖြစ်နှင့် ဆက် လက်တောင်းဆိုဆန္ဒပြ
သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သေ ဆုံးပြီးနောက်မှာ ကျွန်တော့် အတွက် အမျှမပေးဝေရန်နှင့် ကျွန်တော်၏ဝိညာဉ်အား ဆက်လက်ဆန္ဒပြတောင်းဆိုခွင့်ပြုပါရန် ကျန် ရှိနေမယ့် လူအားလုံးထံ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်။ အလုပ်သမားအားလုံးရဲ့ ဆန္ဒပြည့်ဝ တဲ့အချိန်မှကျွန်တော်သာဓုသုံးကြိမ်ခေါ်၍ ဖြစ်လေရာဘုံ ဘဝကနေ ဝမ်းသာနေမှာ ဖြစ်သလို အလုပ်သမားအားလုံးရဲ့ ဆန္ဒမပြည့်ဝခင် အမျှပေးဝေခဲ့ပါကကျွန်တော်
လုံးဝလုံးဝ သာဓုခေါ်ပြီး ကျွတ်တမ်းဝင်မည်မဟုတ်ကြောင်း သိစေရန်နှင့် ကျွန်တော်၏ နောက်ဆုံးဆန္ဒကို လိုက် လျောရန် မှာကြားခဲ့သည်။ ကျွန်တော့်ဘဝရဲ့ အဓိကကျေးဇူးရှင် အဖေနှင့်အမေအား ကျွန်တော် ရိုသေစွာ ဦးသုံးကြိမ်ချ၍ နှုတ်ဆက်ခဲ့သည်။ မြန်မာအလုပ်သမားအားလုံးကို ကျွန်တော့်အတွက် ဝမ်းမ နည်းရန်နှင့် ဆန္ဒမပြည့်ဝမချင်း အမျှမပေးဝေရန် မှာကြားခဲ့သည်။ ရွှေညဝါဆရာတော် ဘုရားကြီး အပါအဝင် ကျေးဇူးရှင်အားလုံးရဲ့ ကျေးဇူးတွေကို ဖြစ်လေရာဘဝကနေ ကျေအောင်ဆပ်သွားပါမည်ဟု ကတိသစ္စာမိုးနဲ့မြေကြီးအား သက်သေပြုပြီး တိုင်တည်ခဲ့ပါသည်။ လူသားအားလုံးရဲ့ ဆန္ဒ တွေပြည့်ဝပါစေလို့ နောက်ဆုံးဆုတောင်းပေးခဲ့ပါသည်။

တင်မိုးဝင်း (အသက် ၂၅ နှစ်)
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template