Headlines News :
Home » » တိုးတက်မှု နဲ့ ချိုးဖေါက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲဟုအမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်

တိုးတက်မှု နဲ့ ချိုးဖေါက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲဟုအမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်

Written By လွင့်မောင်မောင် on Friday, May 25, 2012 | 10:06 PM



အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ခုနှစ်အတွက်
နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ အရှေ့အလယ်ပိုင်းဒေသ တလျှောက်ပြန့်နှံခဲ့တဲ့ နာမည်ကျော်အာရပ်နွေဦးတော်လှန်ရေးနဲ့ အတူ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တိုးတက်မှုတွေ အဖြစ်ဖေါ်ပြလိုက်ပေမဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီအပြောင်းအလဲတွေဟာ နိုင်ငံတကာက လက်ခံတန်ဖိုးထားတဲ့ လူ့အခွင့်အရေးစံနှုန်းတွေအတွက် တောင်းဆို ကြတာဖြစ်တယ်လို့ အစီရင်ခံစာနဲ့ပတ်သက်လို့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောဆိုခဲ့ရာမှာ - "အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးတွေနဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေးတွေအပေါ် အဓိက လွှမ်းမိုးခဲ့တဲ့ အသံကတော့ ကမ္ဘာလုံးဆိုင်ရာစံချိန်စံနှုန်းနဲ့ သတ်မှတ် ပြဌာန်းထားတဲ့ လူ့အခွင့်အရေး တွေ ကို အမျိုးသား၊ အမျိုးသမီး အားလုံး ၀ိုင်းဝန်း တောင်းဆိုခဲ့ကြတာ ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက်
မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို (၁၅) နှစ်ကျော် နေအိမ် အကျယ်ချုပ် ကနေ ပြန်လွှတ်ပေးတာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းဖွင့်ပေးတာတွေကို ထင်ရှားတဲ့ အပြောင်း အလဲတွေအဖြစ် အသိအမှတ်ပြုထားပေမဲ့၊ လက်ရှိနယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် စစ်တပ် ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ
သေဆုံးတာ၊ အဓမ္မနေရာရွှေ့ပြောင်းခံရတာ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေရှိနေဆဲ
ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michale Posner ကလည်း ကျန်ရှိနေ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template