Headlines News :
Home » » SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေ မနေ့က နေ့လည်ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွား

SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေ မနေ့က နေ့လည်ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွား

Written By လွင့်မောင်မောင် on Friday, May 25, 2012 | 8:46 PM


ကိုယ်စားလှယ်အဖွဲ့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံ သဘောတူညီမှုတွေ ထပ်မံရရှိထားတဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့
အစိုးရတပ်ဖွဲ့တွေ မနေ့က နေ့လည်ပိုင်းမှာ တစ်နာရီနီးပါး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်ဒေသမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲထားတဲ့ SSA အုပ်ချုပ်ရေးတပ် အမှတ် ၂၀၂ က တပ်ဖွဲ့ဝင်တွေနဲ့ ဒေသအခြေစိုက် အစိုးရတပ် ခလရ ၆၅ ကတပ်ဖွဲ့ဝင်တွေဟာ မနေ့က နေ့လည် ၁၁ နာရီမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ SSA တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းစံမိန်း က ပြောပါတယ်။

"အရင်တုန်းက လွိုင်ကောင်းမူးဆိုတဲ့နေရာမှာ ကျနော်တို့ တပ်စခန်း ခဏနေရာချထားတယ်။ ပြည်သူတွေက တောင်းဆိုတဲ့အတွက်ကြောင့်မိုလို့ အဲ့ဒီ လွိုင်ကောင်းမူးကနေ အရှေ့ဖက်မှာရှိတဲ့ လွိုင်ငေါမ်းဆိုတဲ့ ဖက်ကို ၂ မိုင်လောက် အကွာမှာပေါ့နော် ပြောင်းရွှေ့ထားတယ်၊ နောက်ပိုင်းကြတော့ ခလရ ၆၅ တပ်ကပေါ့နော်။ ဒီ လွိုင်ကောင်းမူးဆိုတဲ့နေရာမှာ တပ်လာစွဲတယ်၊
အခုဖြစ်တာကကြတော့ သူတို့က ကျနော်တို့ရှောင်လာပေးတဲ့ လွိုင်ငေါမ်း
ဆိုတဲ့ဒေသဘက်ကို ချဉ်းကပ်လာတာပေါ့နော်။ ကျနော်တို့ဖက်က သတိပေးပေမယ့်လည်း သူတို့က M 79 သေနတ်တွေနဲ့ ပြစ်တယ်။ အပြန်အလှန်ပြစ်ခတ်တော့ ထိခိုက်ဒဏ်ရာရတာတော့ မရှိသေးပါဘူး၊ ဒုတိယအကြိမ် ဆွေးနွေးပြီးတဲ့နောက်ပိုင်းတော့ ဒီဟာ ပထမဆုံးအကြိမ်
ဖြစ်တာပါပဲ။"

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ကျိုင်းတုံမြို့နယ် ရွှေတြိဂံတိုင်းစစ်ဌာနချုပ်မှာ
ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၁၂ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး ၄ ရက်ခန့်အကြာမှာ ပထမဆုံး တိုက်ပွဲပြန်ဖြစ်ခဲ့တာပါ။

ကျိုင်းတုံမှာ ဆွေးနွေးခဲ့ချိန်က ဗိုလ်ချူပ်ကြီး စိုးဝင်း က SSA တောင်ပိုင်း
နယ်မြေအတွင်း သေနတ်တချက်မှ မပေါက်စေရဘူးလို့ ကတိပေးပြောဆို
ခဲ့ပေမယ့် အခုလိုအခုလို တိုက်ပွဲပြန်ဖြစ်လာတာကို မီးရထားပို့ဆောင်ရေး
ဝန်ကြီး ဦးအောင်မင်း ထံ ဒီကနေ့ စာရေးအကြောင်းကြားလိုက်ကြောင်း ဗိုလ်မှူးကြီး စိုင်းစံမိန်း က ပြောပါတယ်။

"ကျနော်တို့ အနေနဲ့ကတော့ သဘောတူညီထားတဲ့အတိုင်း အပစ်အခတ်
ရပ်စဲရေးကိုပဲ ထိမ်းသိမ်းသွားမှာပါပဲ၊ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့
ဒေသခံနဲ့ ဆက်ဆံရေးရုံးတွေ လည်းရှိတယ် အဲ့ကနေ တဆင့်လည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ အကျိုးအကြောင်းသိရှိရအောင်
မေးမြန်းဆွေးနွေးမယ်ပေါ့နော်၊ ပြည်တောင်စုဝန်ကြီး ဦးအောင်မင်း ဆီကို စာနဲ့အကြောင်းကြားပြီးတော့ မေးမြန်းထားပါတယ်၊ သူတို့ဆီက အကြောင်းပြန်ချက်ကိုတော့ ပြန်ပြီးစောင့်နားထောင်ရတာပေါ့နော်၊ ထပ်ဖြစ်လာဖို့တော့ မမျှော်လင့်ဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကို လာပြီးတော့ တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ မတတ်နိုင်တဲ့အဆုံးတော့ ကျနော်တို့ကတော့ ခုခံကာကွယ်ရမှာပေါ့နော်။"

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ SSA တောင်ပိုင်းတပ်နယ်မြေအတွင်း ၀င်ရောက်လာတဲ့ ခလရ ၆၅ က အစိုးရ တပ်ဖွဲ့ဝင်တွေ ပြန်လည် ဆုတ်ခွာသွားပြီလို့ သတင်းရကြောင်း ဆက်ပြောပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတကြိမ် ယခုနှစ် မေလတွင် တကြိမ် အစိုးရ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးအပါအ၀င် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template