အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့ဘောင် ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ တစ်ခါတလေ အကြမ်းပတမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ်က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့လိုကြောင်းလည်း ပြောဆိုပါတယ်။
RFA-Burmese