by FNG on May 21, 2012
မဲဟောင်ဆန် ဒေသ ဉ် နိုင်ငံ ခြား ခရီးသွား များ စိတ်ဝင်စား မှု ရှိရေး အတွက် လူ ပြတိုက်
သဖွယ် ထား ရှိ ခံရသည် မြန်မာ တိုင်း ရင်း သား ကယန်း ၊ ပဒေါင် လူမျိုး များ ကို မြန်မာ ဘက်
က ပြန်လည် လွှဲပေး ရန် တောင်း ဆို သော် လည်း ထိုင်း က ပြန်လည် လွှဲပေး ရန် ပြု လုပ်
မည် ဟု မထင် ကြောင်း ထိုင်း နိုင်ငံ ရှိ လူမှု အကူညီ ပေး ရေး အဖွဲ့  တစ်ခု မှ မှ အကြီးတန်း
အရာရှိ တစ်ဦး ဖြစ်သူ ချတ်ချိုင်း နာရာဝတ် က FNG သို့  ပြောသည်။
ယခင် စစ်အစိုးရ လက်ထက် တွင် နယ်စပ် ဒေသ စစ်ပွဲ များ ကြောင့် ထိုင်း နိုင်ငံ တွင်း ၀င်ရောက်
ခို လှုံ ရသည့် ပဒေါင် လူမျိုး များ အနက် အချို့ မှာ သာ တတိယ နိုင်ငံ များ သို့  ထွက် ခွာ ခွင့်
ရရှိ ခဲ့ သည်။
မြန်မာ အစိုးရ က ပဒေါင် လူမျိုး များ အား ခရီး သွား လုပ်ငန်း တွင် အသုံး မချရန် ထိုင်း ကို သတိ
ပေး ခဲ့ သောလည်း ထိုင်း က လိုက် နာမည် ပုံ မပေါ် ဟု မဲဟောင်ဆန် ဒေသမှာ မြန်မာ ကျောင်း
ဆရာ တစ်ဦး က ပြောသည်။ ” ဒီ ကို လာနေ တဲ့ တူးရစ် တွေ အကုန် လုံး ပဒေါင် တွေ ရှိတယ်
ဆို လို့  လာကြည့် ကြတာ များ တယ်။ ထိုင်း ရဲ့  ခရီသွား လမ်း ညွှန် စာ အုပ် တွေ မှာ လည်း ပ
ဒေါင် တွေ ပုံ ပါတယ် ၊ ဒါ ထိုင်း ရဲ့  ဂွင် တစ်ခု ပဲ ဟု ပြောသည်။
ယခင် က New YorkTimes သတင်းစာ နှင့် အခြား သတင်း စာ အချို့ မှ ပဒေါင် လူမျိုး တို့  ၏
ဒုက္ခ နှင့် ထိုင်း နိုင်ငံ က ပဒေါင် လူမျိုး တို့  ကို ပြစား နေမှု့ တို့  ကို ဝေဖန် ရေးသား ခဲ့ ကြသည်။
ကယန်း ပြည်နယ် ဒေသတွင် နေထိုင် သည့် ပဒေါင် လူမျိုး အတွက် မြန်မာ နိုင်ငံ သည် ၎င်း တို့ 
၏ ဘူမိနက်သန် နေရာ ဖြစ်သည်။ ပဒေါင် လူမျိုး များ သည် မြန်မာ တိုင်းရင်းသား လူမျိုး များ
စုဝင် ဖြစ်သည်။
အချို့  ပဒေါင် လူမျိုး များ က မူ ခါးသီလှသည့် မြန်မာ စစ်တပ် ၏ ရက် စက် ကြမ်းကြုတ်မှု များ ကို
ကိုယ်တိုင် တွေ့ မြင် ဖူး ကြ ၍ ပြန် ချင် စိတ် မရှိ ဟု ဆိုသည်။
Padaung , Kayan