Planet Myanmar Network
ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား ချယ်လ်ဆီးဆွတ်ခူး
ဂျာမနီနိုင်ငံ
မြူးနစ်မြို့ရှိ Allianz Arena ဘောလုံးကွင်း၌ ယနေ့နံနက်အစောပိုင်းက
ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက
ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီအဆုံးဖြတ်ဖြင့် အနိုင်ရရှိပြီး
ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ဘိုင်ယန်မြူးနစ် ကစားသမား မူလာက ပွဲကစားချိန် ၈၃ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ပွဲကစားချိန် ၈၈ မိနစ်တွင် ချယ်လ်ဆီးအတွက် ချေပဂိုးကို တိုက်စစ်မှူး ဒရော့ဂ်ဘာက ခေါင်းတိုက်သွင်းယူခဲ့ရာ သာမန် ပွဲကစားချိန်အပြီးတွင် တစ်ဂိုးစီ သရေကျခဲ့သည်။
ဆက်လက်၍ အချိန်ပို ပထမပိုင်းနှင် ဒုတိယပိုင်း ၁၅ မိနစ်စီ ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းနိုင်ခြင်းမရှိဘဲ တစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။ ထို့ကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာ ချယ်လ်ဆီးက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။