Headlines News :
Home » » အထူး ၄ ခေါင်းဆောင် စဝ်စိုင်းလင်း နှင့် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ပထမဦးဆုံးတွေ့ဆုံ

အထူး ၄ ခေါင်းဆောင် စဝ်စိုင်းလင်း နှင့် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ပထမဦးဆုံးတွေ့ဆုံ

Written By လွင့်မောင်မောင် on Monday, May 21, 2012 | 7:49 PM



သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အကြိုတွင် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်တို့ လက်ဆုံထမင်းစားခဲ့ကြကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးခရီးစဉ်လိုက်ပါသူများကပြောသည်။


SYS_and_SL
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် နှင့် မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်တို့တွေ့ဆုံစဉ် (သျှမ်းသံတော်ဆင့်)

“ချစ်ကြည်ရင်းနှီးမှုခရီးစဉ်သက်သက်ပါဘဲ။ နိုင်ငံရေးအကြောင်း အထူးအထွေဆွေးနွေးတာမရှိပါဘူး။ ကြိုဆိုနှုတ်ဆက် တယ်။ မိတ်ဆုံထမင်းဝိုင်းကြတယ်။ မိုင်းလားတပ်ဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ကို သွားရောက်လေ့လာတယ်။ ကျိုင်းတုံနဲ့ မိုင်းလားက လဲနီးတော့ လမ်းကြုံတာလေ” ဟု ခရီးစဉ် လိုက်ပါသူ သျှမ်းသံတော် ဆင့်အယ်ဒီတာချုပ်ဦးခွန်စိုင်းက ပြောသည်။


မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်ပြည်ထောင်စုအဆင့်ဒုတိယအကြိမ် သွားရောက်ဆွေးနွေး ခဲ့သော သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အဖွဲ့ ကျိုင်းတုံတွေ့ဆုံပွဲအပြီး ယမန်နေ့က မိုင်းလားသို့ လေ့လာရေးခရီး ဆက်ကြခြင်းဖြစ်သည်။



“၂၀ ရက်နေ့ မွန်းတည့်မှာ မိုင်းလားကိုချစ်ကြည်ရေးခရီးရောက်တယ်။ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်ကိုယ်တိုင် လိုက်ပို့တယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပေါ့။ ဝန်ကြီးတို့နဲ့ မိုင်းလားခေါင်းဆောင်တွေ နာရီဝက်လောက်ဘဲ ဆွေးနွေးကြပြီး ကျန်တာတော့ ကျနော်တို့အဖွဲ့နဲ့ စကားပြောကြတယ်။ မိုင်းလားဒေသ အတွင်းကို သွားလေ့လာတယ်။ မိုင်းလားမှာ တည အိပ်တည်းခိုမယ်၊ ပြီးရင် ကျိုင်းတုံကို ပြန်မယ်” ဟု လိုက်ပါခဲ့သည့် စိုင်းအန်းတိုင်း ကဆက်ပြောပါသည်။


အဆိုပါ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ မိုင်းလားချစ်ကြည်ရေးခရီးစဉ်အား အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS အထူးဒေသ ၄ ခေါင်းဆောင် လင်မင်ရှင်းခေါ် စဝ်စိုင်းလင်း နှင့် အတူ ဒုဥက္ကဌ ဆန်းပေ၊ စဝ်ဆန်လူ နှင့် အတွင်းရေးမှူးစိုင်းဆိုင်လားတို့က ကြိုဆိုခဲ့ကြသည်ဟုဆို၏။


မိုင်းလားတပ်ဖွဲ့သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၁၁ အောက်တိုဘာ ၇ ရက်က ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template