ပဲခူးတိုင်း ပြည်မြို့ သို့ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့ မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။
ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ ပြည်မြို့အား ရေပေးဝေသည့် စခန်းနှင့် လျှပ်စစ်
မီးအတွက် လိုအပ်သောနေရာများတွင် လျှပ်စစ်ဓာတ်အား မောင်းနှင်းဖြန့်ဖြူးရန်
အတွက် အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနက ပေးပို့ လာတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြခဲ့တဲ့ မြို့ တွေမှာ
ပြည်မြို့ တမြို့ ထဲသာ မေလ(၂၄)ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို လုံထိန်းရဲ
တွေက အကြမ်းဖက် ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
ပြည်မြို. လမ်းမတော်လမ်း ဗဟိုမီးသတ်ရှေ့ မှာ ပြည်မြို. ၂၄နာရီ မီးရရှိရေးဆန္ဒပြ
နေသူတွေကို လုံထိမ်းရဲများက ပြင်းထန်စွာရိုက်နှက်ကြရာမှာ ခေါင်းကွဲသူကွဲ ပြဲသူပြဲ ၊
နဲ့ ဖမ်းဆီးပြီး အဆင်သင့်စောင့်နေတဲ့ အချုပ်ကားပေါ်သို.တင်ဆောင်က ပြည်မြို့ 
ထောင်ကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။
အခုလို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်ရာမှာ မြို.နယ်မှုးနှင့်တကွ စခန်းမှူးများကပါ
ဝင်ရောက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးတဲ့
နေ့ မှာပဲ ပြည်မြို့ အတွက် မီးစက်တွေရောက်လာတာလည်း ဖြစ်ပါတယ်။
Myanmar News Now