Headlines News :
Home » » မန္တလေး - မူစယ်လမ်းတွင် ကုန်ကားတစီး ထပ်မံ ဗုံးခွဲခံရ

မန္တလေး - မူစယ်လမ်းတွင် ကုန်ကားတစီး ထပ်မံ ဗုံးခွဲခံရ

Written By လွင့်မောင်မောင် on Thursday, May 24, 2012 | 7:00 PM




မန္တလေးမြို့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ဘက်သို့ ထွက်ခွာသည့် ကုန်တင်ကားတစ်စီးအား ယမန်နေ့ ည ၈ နာရီ ခွဲ ခန့်က ကွတ်ခိုင်မြို့နယ် ဟိုမုန်းရွာ တံတားအနီးတွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည် ။

Cars_to_northern
ကုန်တင်ကားတန်း

၎င်းလက်နက်ကိုင်များက ကုန်ကားအား ဗုံးခွဲပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ယခုလို ပြောသည် ။မနေ့ညပိုင်း ၈ နာရီခွဲလောက်ပေါ့။ ကွတ်ခိုင်မြို့နယ် ဟိုမုံးရွာ တံတားနားမှာ ကုန်ကားတစ်စီးကို အရင် ဗုံးခွဲတာပေါ့နော်။ အဲဒါပြီးမှ မီးရှို့လိုက်တယ်။ သူတို့ တင်လာတာကတော့ ပဲပုတ်စေ့။ နမ့်အွန်မီးသတ်က ဒီနေ့မနက် ၇ နာရီလောက်မှာ ကား မီးငြိမ်းဖို့တဲ့ သွားကြတယ် ” ဟု သူက ဆိုသည် ။
ယခုလ ၁၉ ရက်နေ့ကလည်း ၄င်းနေရာအနီး၌ ကုန်ကားတစ်စီး ဗုံးခွဲခံခဲ့ရသေးရာ ယခု ဒုတိယအကြိမ် ထပ်မံ ကားဗုံးခွဲခံရ ခြင်း ဖြစ်သည် ။
အဆိုပါဖျက်ဆီးခံလိုက်ရသည့် ကုန်ကားပိုင်ရှင်မှာ မန္တလေးမြို့မှ ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများ ထိခိုက်မှု ရှိမရှိ အတိအကျ မသိရပေ ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template