Headlines News :
Home » , » "စွမ်းသဘင်နာမည်နဲ့ ကိုယ်ပိုင်ဇာတ်ထောင်ပြီး ပွဲဦးထွက်အောင်မြင်ခဲ့တဲ့ စွမ်း"

"စွမ်းသဘင်နာမည်နဲ့ ကိုယ်ပိုင်ဇာတ်ထောင်ပြီး ပွဲဦးထွက်အောင်မြင်ခဲ့တဲ့ စွမ်း"

Written By လွင့်မောင်မောင် on Saturday, May 26, 2012 | 1:11 PM



အခုဆိုရင် ပရိသတ်အချစ်တော် မင်းသားလေးစွမ်းက 'စွမ်းသဘင်'နာမည်နဲ့ ကိုယ်ပိုင်ဇာတ် ထောင်လိုက်ပြီဖြစ်ပါတယ်။ ပွဲဦးထွက်ကိုတော့ မေလ၁၃ရက်နေ့ကနေ ၁၅ရက်နေ့ အထိ တောင်ငူမှာ စတင်ပြီးကပြခဲ့ပါတယ်။ 'စွမ်းသဘင်'နာမည်နဲ့ ပွဲဦးထွက်မှာပဲ ပရိသတ် အားပေးမှု အပြည့်ရခဲ့သလို ရုံပွင့်တဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုတဲ့ စွမ်းက ''တအားစည်ခဲ့တယ်။ ဒုတိယညကတော့ ရုံပွင့်တဲ့အထိပဲ။ ပရိသတ်က အရင်ကတည်းက အားပေးသလို၊အခုလည်း တအားအားပေးကြတယ်။ ကျွန်တော်ကိုယ်ပိုင် ဇာတ်ထောင်တယ် ဆိုတော့လာပြီး လေ့လာတဲ့ သူတွေရော၊ အကဲခတ်တဲ့သူတွေရော အများကြီးပဲ၊ ကျွန်တော်က အခမ်းအနားကအစ၊ တင်ဆက်မှုတွေရော အသစ်တွေပဲ။ ဇာတ်သမားတွေကိုလည်း Expressကားတွေ စီစဉ်ပေးထားတယ်။ အားလုံးကအသစ်တွေ ချည်းပဲ။ ကျွန်တော်က ဇာတ်တိုက်ချိန်လည်း သိပ်မရ လိုက်ဘူး။ အဲဒါ ကို တောင်ငူကို သွားတော့ ဒီလောက် အဆင်ပြေလိမ့်မယ် လို့ မထင်ထားဘူး။ ဒါပေမဲ့ကျွန်တော်ထင် မထားတာတွေဖြစ်ပြီး တအား အားပေးကြတယ်။ တတိယညဆို မိုးတွေတအား ရွာတာတောင် အပြည့် လာကြတယ်။ ကန်ထရိုက်လည်း မြတ်တယ်။ ကျွန်တော်တို့ ဇာတ်သူ၊ ဇာတ်သားတွေလည်း အားလုံးပျော်ကြတယ်။ ကျွန်တော့်ရဲ့ ပွဲဦးထွက် မှာ အောင်အောင်မြင်မြင် ဖြစ်သွားတယ်။ ဒီလောက် အဆင်ပြေမယ်တောင် မထင်ထားဘူး။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အောင်မြင်မှုက ပရိသတ်လက်ထဲမှာပါပဲ။ ကျွန်တော့် စေတနာမှန်လို့ အခုလို အောင်မြင်တာပါ။ စေတနာမှန်မှ အလုပ် တစ်ခုက အောင်မြင်တာလေ''လို့ ပြောပါတယ်။ စွမ်းက နေပြည်တော် လယ်ဝေးဖောင်တော်ချက်မဘုရားပွဲမှာ ၃ရက်ကပြခဲ့ပြီး မေလ တစ်လ လုံးပွဲတွေလည်း တောက်လျှောက်ကဖြစ်မှာဖြစ်ပြီး ကိုယ့်ခေတ်မှာ ဇာတ် သဘင်ကြီး ဘယ်လိုတိုးတက်သွားတယ် ဆိုတာပဲဖြစ်စေချင်ပြီး ကိုယ်တွေကြောင့် ဇာတ်သဘင်ကြီး လူအထင်သေးစရာ ဖြစ်သွားအောင် ဘယ်တော့မှ မလုပ်ဘူးလို့လည်း ဆိုပါတယ်။ ရိုက်ကူးရေးတွေကိုတော့ ၆လ ပိုင်းကစပြီး လုပ်ဖြစ်သွားမယ် လို့ သိရပါတယ်။

မေမွန်မောင်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template