တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများ၌ ထုတ်လုပ်သော ဆေးတောင့် များအနက် စက်ရုံ
၁၂ ဒသမ ၇ ရာခိုင်နှုန်းတွင် ထုတ်လုပ်သော ဆေးဝါးအတောင့် (Capsule) များမှာ
လုံခြုံစိတ်ချရမှု မရှိကြောင်း တရုတ် အစားအစာနှင့် ဆေးဝါး ကြည့်ကြပ်ရေး
အဖွဲ့၏ ထုတ်ပြန်ချက်ကို CNA သတင်းတွင် ဖော်ပြထားသည်။
တရုတ်
အစားအစာနှင့် ဆေးဝါး ကြည့်ကြပ်ရေး အဖွဲ့က ဆေးဝါး ၁၁၅၆၁ အတွဲများကို တစ်လကြာ
စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းမှာ ခရိုမီယမ်
(chromium) ပါဝင်မှု မြင့်မားလျက် ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ
အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တရုတ်နိုင်ငံရှိ ဆေးဝါးစက်ရုံများတွင် စက်ရုံ
၂၅၄ ရုံမှ ထုတ်လုပ်သော ဆေးဝါးများမှာ စိတ်ချလုံခြုံမှု မရှိသည်ကို
တွေ့ရှိရသည်။
ခရိုမီယမ်ကို အများအပြား စားသုံးမိပါက ကင်ဆာရောဂါနှင့် အဆိပ်သင့်ခြင်းများ ဖြစ်ပွားစေနိုင်သည်။
The Voice Weekly