Headlines News :
Home » » ဆွေးနွေးပြီး ရက်ပိုင်းအတွင်း ဖြစ်သည့်တိုက်ပွဲကိစ္စ SSA-S ဦးအောင်မင်းထံ စာပို့

ဆွေးနွေးပြီး ရက်ပိုင်းအတွင်း ဖြစ်သည့်တိုက်ပွဲကိစ္စ SSA-S ဦးအောင်မင်းထံ စာပို့

Written By လွင့်မောင်မောင် on Friday, May 25, 2012 | 6:26 PM

  မေလ ၁၉ ရက်နေ့တွင် အစိုးရနှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပြီး ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဟု ထင်ရှားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS-SSA) က ကြာသပတေးနေ့တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းထံ စာရေးသား ပေးပို့ခဲ့သည်။

ကြာသပတေးနေ့က ပေးပို့လိုက်သည့် စာတွင် တိုက်ပွဲ ဖြစ်စဉ်များကို ရှင်းပြထားပြီး ယခုဖြစ်ရပ်ကဲ့သို့ နောက်နောင် ဆက်လက် မဖြစ်ပေါ်ရန် တောင်းဆိုထားသည်ဟု SSA-S ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။

“အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ အောက်ခြေက မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နေတာနဲ့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် အခက်အခဲတွေ ကြုံရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ssanadgov4
RCSS-SSA နှင့် မြန်မာအစိုးရ တို့၏ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်ချမ်းရေး ဆွေးနွေးပွဲ ကို ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ (ဓါတ်ပုံ မဇ္ဈိမ)

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့ အခြေစိုက် ခလရ ၆၅ တပ်ဖွဲ့ဝင်များ SSA-S တပ်တည်ဧရိယာ ဖြစ်သည့် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်းရှိ လွယ်ကောင်းမူးသို့ ဝင်ရောက်လာခြင်း
ကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စိုင်းဆိုင်မိန်းက ပြောသည်။

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ထိုတိုက်ပွဲသည် ပြည်ထောင်စုအဆင့်နှင့် ငြိမ်းချမ်းရေး သဘောတူချက် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်သည်။ ၎င်းပြင်
ပြည်နယ်အဆင့်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာမှ စ၍လည်း ၁၇ ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ပြည်ထောင်စုအဆင့်နှင့် ဆွေးနွေးစဉ်က အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့သည့်ကိစ္စကို SSA-S က တင်ပြခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်များဘက်ကလည်း နောက်နောင် တိုက်ပွဲများ မဖြစ်ပွားအောင် ကတိပေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူလည်း ဖြစ်သည့် ဒုဗိုလ်မှူးကြီး စိုင်းဆိုင်မိန်း က ပြောသည်။

“ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင်ကလည်း ဒီအချိန်က စပြီး ကျည်ဆံ တတောင့်မှ မပေါက်စေရဘူး။ ဝန်ကြီး ဦးအောင်မင်းကလည်း ဒီလိုပဲ ကတိကဝတ်တွေ ပြုခဲ့တယ်ပေါ့နော်။ ဒါပေမယ့် အထက်က လက်နဲ့ လုပ်ခဲ့တာတွေကို အောက်က ခြေနဲ့ ဖျက်နေသလို ကျနော်တို့ ခံစားရတယ်” ဟု သူက ပြောသည်။

SSA-S သည် သမ္မတကြီး၏ စစ်မှန်သည့် ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် စေတနာကို ယုံကြည်သော်လည်း အစိုးရ စစ်တပ်ပိုင်းမှ မိမိတို့၏ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် လုပ်ရပ်ကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သူက စွပ်စွဲသည်။

ယခုဖြစ်ရပ်ကို ဒေသတွင်းရှိ ၎င်းတို့၏ မိုင်းဆတ် ဆက်ဆံရေးရုံးမှ တဆင့် သက်ဆိုင်ရာ အစိုးရ စစ်ဘက် အရာရှိများနှင့် ဆွေးနွေး ဖြေရှင်းသွားမည်ဟုလည်း သူက ပြောသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူချက်အရ မိုင်းဆတ်နှင့် အခြားမြို့နယ် များတွင် ဆက်ဆံရေးရုံ ၅ ရုံးနှင့် စီးပွားရေးရုံး ၁ ရုံးကို ဖေဖော်ဝါရီလအတွင်းတွင် SSA-S က ဖွင့်လှစ်နိုင်ခဲ့သည်။

မေလ ၁၉ ရက်နေ့က ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ ငြိမ်းချမ်းရေး ကြီးကြပ် စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ စီးပွားရေး လုပ်ငန်းများ
ဖေါ်ဆောင်ရေးနှင့် အကျဉ်းကျနေသော RCSS-SSA အဖွဲ့ဝင်များကိစ္စ စသည်တို့ ပါဝင်သည့် အချက် ၁၂ ချက်ပါ သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
 ကွန်းချမ်း-စံခလပူရီ (မဇ္ဈိမ) ။         ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template