Headlines News :
Home » » မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန်

မြောင်းတကာ သံရည်ကျိုစက်ရုံ လုပ်သားများ တိုးတောင်းသည့် လစာ မပေးနိုင်ဟု ထုတ်ပြန်

Written By လွင့်မောင်မောင် on Wednesday, May 23, 2012 | 7:04 PM



မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် Yangon Crown စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်နေသော လုပ်သားများ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ မြောင်းတကာစက်မှုဇုန်ရှိရန်ကုန်သရဖူသံ ရည်ကျိုသံမဏိစက်ရုံမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။

 ယင်းစက်ရုံမှအလုပ်သမားများ က တစ်ရက်လျှင် ၁၆ဝကျပ် ရရှိခဲ့ရာမှ တစ်လလျှင်ကျပ်လေးသောင်းဝန်းကျင် ပေးရန်တိုးတောင်းခဲ့သည်။ အလုပ်သမား ခေါင်းဆောင် ကိုဇော်ထက်နိုင်က ”ဒီကိစ္စတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ILO  ကို တင်ပြပြီးတော့ ဆက်ပြီး ဆန္ဒ ဖော်ထုတ်ပါမယ်” ဟု ပြောသည်။သံရည်ကျိုတဲ့ အလုပ်ဆိုတော့ ကျည်ဆန်အဟောင်းတို့၊ ကားဂျိုက် တို့ အလုံပိတ်တဲ့ဟာတွေက ပေါက် ကွဲတတ်တယ်။ အဲဒီလိုဖြစ်ရင် ဒဏ်  ရိုက်ခံရတယ်။ ဝယ်တဲ့သူက သူတို့ ဗျာ။ ခံရတော့ကျွန်ေ တ်ာတို့ဗျာ” ဟု သံရည်ကျိုလုပ်သား ကိုအောင် က ပြောသည်။

 မေလ ၂ဝ ရက်က ထုတ် ပြန်သည့် ကုမ္ပဏီ၏ ကြေညာချက် ထဲတွင် လက်ရှိ ခံစားခွင့်အတိုင်း မလုပ်နို င်သူများအနေဖြင့် ကြေညာ ချက် ထုတ်ပြန်သည့်အချိန်မှစ၍ သုံးရက်ပြည့်ပြီးပါက အလိုအလျောက် အလုပ်မှ ထွက်သည်ဟု သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသ ည်။ ”အခြေခံလစာက သူတို့တစ် ခါဒဏ်ရိုက်ရင် လုပ်အားခထဲက တောင် ပြန်စိုက်ရတယ်” ဟု နန်း ဆွဲကိုမောင်ဇော်က ပြောသည်။ အဆိုပါစက်ရုံမှ အလုပ်သမား များ က ခွင့်ရက်နှင့် တရားဝင်ရုံးပိတ် ရက် သတ်မှတ်ပေးရန်၊ နိုင်ငံသား မှတ်ပုံတင်များ သိမ်းဆည်းထားခြင်း ကို ဖျက်သိမ်းပေးရန်နှင့် လုပ်သား လစာအား လဆန်း ၁၅ ရက်နေ့ ပေးချေရာမှ လဆန်း ၅ ရက်နေ့ နောက်ဆုံးထုတ်ပေးရန် တောင်းဆို ထားသည်။စက်ရုံ လုပ်သားခေါင်းဆောင် ကိုဇော်ထက်နိုင်က ”အခြေခံအလုပ် သမားတွေ ကိုလစာတိုးပေးလို့ကုမ္ပဏီ က နစ်နာတယ်ဆိုရင်ကျွန်တော်တို့ ကျွမ်းကျင်အလုပ်သမားတွေရတဲ့ ဆုကြေးကို လျှော့ပြီးယူပေးမယ်လို့ ကမ်းလှမ်းထားပါ တယ်”ဟုပြော သည်။

အဆိုပါ အလုပ်သမားများ၏ တောင်းဆိုမှုကို အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် မှော်ဘီမြို့နယ်အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့နယ်) ဦးစောဘုမ်မာတို့ကကြားဝင်စေ့စပ် ပေးလျက်ရှိကြောင်း သိရသည်။ဤကဲ့သို့ အလုပ်သမားများ အခြေခံ လုပ်ခလစာ တောင်းဆိုမှု များ ဆက် တိုက်ပေါ်ပေါက်နေခြင်း သည်စက်ရုံများမှနေ့စဉ်လုပ်ခအပေါ် အခြေခံ သည့် လစာစနစ်ကြောင့်ဟု ပညာရှင်များက သုံးသပ်သည်။

စိုင်းနောင်  - Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template