ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင်
အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ
ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းအရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့က ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားခဲ့ပေမဲ့ မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်နိုင်မှာ မဟုတ်ဘဲ တခြားတရက်ရက်မှာ တက်ရောက်ဖို့ စီစဉ်နေကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
RFA-Burmese