တောင်ဒဂုံဆန္ဒထုတ်ဖော်ပွဲ
လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက်ဆူးလေစေတီတော်တွင်ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖေါ်နေသူများသည်စေတီတော်အားရင်ပြင်ပေါ်မှလက်ျာရစ်
သုံးပတ်လှည့်လည်ပူဇော်ပြီးဖယောင်းတိုင်မီးများထွန်းညှိ
ပူဇော်ကာဆုတောင်းဆန္ဒပြုနေကြကြောင်း The Messenger သတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။အဆိုပါဆန္ဒထုတ်ဖေါ်ပွဲတွင်ပါဝင်သူဒေါ်နော်အုန်းလှက "လျှပ်စစ်မီးမလင်းမချင်းဆန္ဒထုတ်ဖေါ်မှုကို
ဆက်လုပ်သွားမှာပါ။ပြည်သူတွေနဲ့အတူတူလုပ်သွားမှာပါ။နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး "ဟုပြောကြားသည်။ထို့အပြင် အဆိုပါဆန္ဒထုတ်ဖေါ်ပွဲတွင်ပါဝင်ဆင်နွဲနေသူနိုင်ငံခြားသားတစ်ဦးကလည်း
"မြန်မာပြည်သူပြည်သားတွေနဲ့အတူပါဝင်လှုပ်ရှားတာပါ " ဟုပြောကြားသွားခဲ့ကြောင်း The Messenger သတင်းထောက်ကသတင်းပေးပို့သည်။