Headlines News :
Home » , » ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း

ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း

Written By လွင့်မောင်မောင် on Tuesday, August 7, 2012 | 12:24 AM

ထားဝယ်-မြိတ် မီးရထားလမ်းမှ ဆိပ်ကမ်းဘူတာ
Photo : TKTK


တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ် ဖောက်လုပ်မည့် ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားကြောင်း မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး သူရ ဦးသောင်းလွင်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ (ခ ) ဦးလှမြင့်က ထားဝယ် – မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ပုလော – သရက်ချောင်း လမ်းပိုင်း အကြမ်းဖောက်လုပ်ရာတွင် ပါဝင်ဆုံးရှုံးသွားသည့် ဒေသခံများ၏ ပိုင်ဆိုင်မှုအတွက် လျှော်ကြေးကိစ္စ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ထားဝယ် – မြိတ် ရထားလမ်း စီမံကိန်းအား ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများ ဦးစားပေးမှု အစီအစဉ်အရ ခေတ္တ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သူရ ဦးသောင်းလွင်က အဆိုပါအစည်းအဝေး တွင် ပြောဆိုသည်။
ဒေသခံများကိုတိုက်ရိုက်အကျိုးပြုသော ထားဝယ်နှင့်ပတ်သက်သည့် စီမံကိန်း အတော်များများသည် အမြဲလိုလို ချန်လှပ်ထားခံရနေသည်အတွက် ထူးထူးခြားခြား မခံစားရတော့ကြောင်း အသက်  ၂၉ နှစ်အရွယ် ထားဝယ်ဒေသခံ ကိုဘိုဘိုအောင်က ဆိုသည်။
ထားဝယ်ဒေသခံများသည် တောက်လျှောက် အသံမထွက်ဘဲနေခဲ့ပြီး ၂၀၁၁ နှောင်းပိုင်မှ စ၍ ထားဝယ်ရှိ လူထု အခြေပြု အဖွဲ့အစည်းများမှ ဒေသခံများနှင့် ပတ်သက်ပြီး အသံထွက်လာသော်လည်း လွှတ်တော်အသီးသီးတွင်မူ ထိရောက်သော အသံမထွက်လာကြောင်း၎င်းက ဆိုသည်။
“ထားဝယ်ကို ကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေက ထားဝယ်ဒေသခံတွေအတွက် ပြောဆို တင်ပြဖို့လိုတယ်” ဟု ကိုဘိုဘိုအောင်က ဆိုသည်။
ထားဝယ်-မြိတ်လမ်းပိုင်းတွင်ပါဝင်သော မိုင် ၂၀ အကွာအဝေးရှိသည့် သရက်ချောင်း လမ်းအပိုင်းကို  ၂၀၁၁ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
ယခုလက်ရှိတွင် ထားဝယ် – သရက်ချောင်း သီးသန့် ခရီးစဉ်ပြေးဆွဲမှုကို ရပ်နားထားကြောင်း အသက် ၆၀ ကျော်အရွယ် ယင်းလမ်းပိုင်းရှိ သင်းကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ထားဝယ်- မြိတ် ရထားလမ်းသည် အသုံးပြုသူ နည်းပါးသည့်အတွက် နိုင်ငံတော်မှ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်နိုင်ပြီး ယင်းသို့ရပ်ဆိုင်းခြင်းသည် ထားဝယ်ဒေခံများအတွက် နစ်နာသည့်အတွက် ယင်းအတွက် အသုံးပြုမည့် ဘဏ္ဍာငွေကို အခြားတစ်နေရာတွင် အသုံးပြုသင့်ကြောင်း အသက်၃၀ အရွယ် ထားဝယ် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
“ကားလမ်းလို နေရာမျိုးမှာ အဲဒီငွေတွေကို သုံးပေးရင်တော့ ပိုကောင်းမယ် ” ဟု ၎င်းက မှတ်ချက်ပြုသည်။
ထားဝယ်-မြိတ် ရထားလမ်း စီမံကိန်းသည် ၁၃၂ ဒသမ ၅ မိုင်ရှိပြီး ထားဝယ်၊ သရက်ချောင်း၊ ပလောက်၊ ပုလောနှင့် မြိတ် မြို့နယ်များကို ဆက်သွယ်ထားသည်။ လမ်းတစ်လျှောက် ကျေးရွာပေါင်း ၆၀ ကို ဖြတ်သန်းသွားမည် ဖြစ်ကာ ဘူတာ ၁၂ ခု နှင့် ရပ်စခန်း ၁၄ ခု၊ တံတားကြီးငယ် စုစုပေါင်း ၆၆၆ စင်း ပါရှိမည် ဖြစ်သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template