Headlines News :
Home » , » မူစယ်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲ အငြင်းအခုံဖြင့် အဆုံးသတ်

မူစယ်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲ အငြင်းအခုံဖြင့် အဆုံးသတ်

Written By လွင့်မောင်မောင် on Monday, August 6, 2012 | 11:37 PM

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ယခုလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကုမ္ပဏီများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ ၊ အုပ်ချုပ်ရေး အာဏာပိုင် များနှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


၎င်းဆွေးနွေးပွဲ၌ မြို့နယ်အတွင်း ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်မည့် လမ်းတံတား၊ မြို့ပြအိမ်ရာနှင့် အခြားသော ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများအကြား အချင်းများ အငြင်းပွါးမှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ဆွေးနွေးပွဲတက်ရောက်သူ မြို့ခံကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဆွေးနွေးပွဲမှာ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးက မြို့ပတ်လမ်းရေကျော်တဲ့ကိစ္စကို တင်ပြဆွေးနွေးတာပေါ့၊ စည်ပင်ဒုညွန်မှူး ဦး သက်ပိုင်က ဒီအကြောင်းအရာနဲ့ ဖွံ့ဖြိုးရေးကိစ္စ မပတ်သက်ဘူးဆိုပြီး ထဟောက်တာပေါ့ဗျာ၊ အဲလိုမဆိုင်ဘူး လည်းပြောတယ်၊ သူ့တပည့် စည်ပင် အင်ဂျင်နီယာမှူးက သိန်းသန်းချီကုမ္ပဏီက မြို့ပတ်လမ်းမပြီးသေးဘဲ ငွေကောက်တယ်ဆိုပြီး ပြောရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဟန်က သူတို့ကိုစော်ကားတာလားဆိုပြီး ထစကားများကြတယ်” ဟု ဆိုသည်။

၎င်းဆွေးနွေးပွဲမှာ စကားမများကြရန် ဖြန်ဖြေခြင်းဖြင့် အဆုံးသတ်ခဲ့ရပြီး ယခုလ ၃ ရက်နေ့က ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့ရာ ကုမ္ပဏီ ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template