Headlines News :
Home » » ယနေ့(၆-၈-၂၀၁၂) ညနေခင်းFacebook သတင်းများ

ယနေ့(၆-၈-၂၀၁၂) ညနေခင်းFacebook သတင်းများ

Written By လွင့်မောင်မောင် on Monday, August 6, 2012 | 6:47 PM

 
Thein Win
“ဒါ လူကြီးလူကောင်း ကတိဖျက်တာ။ ဒီအချိန်မှာ စာနယ်ဇင်း လွပ်လပ်ခွင့် ပေးမယ်ဆိုပြီး ဒီလိုလုပ်တာ ကတိဖျက်တာပဲ။ အခု ခင်ဗျားတို့ လုပ်တာက သဘာဝကျတယ်။ နောက်တခုက တရားရုံးရဲ့ အမိန့်ကိုတောင် မစောင့်နိုင်ဘဲ နှုတ်မိန့်နဲ့ ပိတ်တာကနေ အစရှိ အနောင်နောင် ဖြစ်သွားလိမ့်မယ်။ နောက်ဆို ခင်ဗျားတို့ကို ဆက်ပြီး နှိပ်ကွပ် သွားလိမ့်မယ်။ မီဒီယာ သေရင် ဒီမိုကရေစီပါ လိုက်သေမှာပဲ။ ဒါကြောင့် ဒီမိုကရေစီ အသေမခံနိုင်တဲ့အတွက် ဒီနေရာကိုလာပြီး ခင်ဗျားတို့နဲ့ ရပ်တယ်၊ ခင်ဗျားတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုလုပ်မယ်။ ခင်ဗျားတို့ကြိုက်တဲ့ ပုံစံကိုပြောပါ။ ကျနော်တို့ကတော့ နောက်ကြောင်း ပြန်လှည့်တာမျိုး မဖြစ်အောင် ထိန်းရမယ်ပေါ့၊ အသိဉာဏ်နဲ့ ထိန်းရမယ်ပေါ့ဗျာ။ ဒါပေမယ့် ရဲရဲရင့်ရင့် လက်ခံတာမျိုး လုပ်မယ်။ကျနော်တို့ ၈၈ ကလည်း ခင်ဗျားတို့နဲ့ တရားမျှတမှုအတွက် အမြဲရှိနေပါတယ်လို့ ကတိပေးပါတယ်”

-မင်းကိုနိုင်

( သြဂုတ် ၄ ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသော သတင်းသမားများကို လာရောက်အားပေးစဉ် ပြောသည်။)
******************************************************************************************** 
Nay Zaw
အပိတ်ခံရတဲ့ The Voice နဲ့ Envoy ဂျာနယ်တွေကို ထုတ်ဝေခွင့် ပြန်ပေးလိုက်ပါပြီတဲ့၊ ၂ ပတ်ပဲ ပိတ်တာပါလို့ ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့် ကော်မတီက တောင်းဆိုတဲ့ အချက် ၇ ချက်ထဲက တချက်တော့ ရပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကော်မတီက တောင်းဆိုလို့ ထုတ်ဝေခွင့်တွေ ပြန်ပေးတာ ဟုတ်မဟုတ်တော့ မသိရပါဘူး။ ကျန်တဲ့ အချက်တွေထဲက ထစ်ခနဲရှိ အရေးယူမယ် တရားစွဲမယ် ဆိုတဲ့ကိစ္စ မလုပ်ဖို့ ဆိုတဲ့ ကတိမပေးသေးရင်တော့ ဆန္ဒပြလိုက် တခုလောက် လျှော့လိုက်၊ တရားစွဲလိုက် ထပ်ဆန္ဒပြလိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို ဖြစ်နေမလား။

The Irrawaddy (Burmese Version)
*********************************************************************************************
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏
(မိုးကောင်းကင်၌ တိမ်တိုက်များ) လုံးချင်းဝတ္တု မိတ်ဆက် ပွဲဖိတ်ကြားလွှာ

အဆိုပါ ၀တ္ထုမိတ်ဆက်ပွဲ နှင့် လက်မှတ်ရေးထိုးပွဲ ကိုမန္တလေးမြို့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တက်ရောက်ချီးမြှင့်ပေးပါရန်လေးစားစွာဖြင့်
...
ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။  ။၇-၈-၂၀၁၂(အင်္ဂါနေ့)
အချိန်။ ။ နေ့လည် ၃ နာရီ မှ ၅ နာရီထိ
နေရာ။ ။ Edu Zone၊ ၃၂လမ်း နှင့် ဇောတိကလမ်းကြား
၇၇ x ၇၈ လမ်းကြား၊ မန္တလေး။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template