လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင် ကြေးနီသတ္ထုတူးဖော်ရေးလုပ်
ငန်းများဆောင်ရွက်ရန်အတွက်
ပညာရှင်များလိုအပ်သည်ကို အကြောင်းပြ ပြီး
တရုတ်လူမျိုးများ ၀င်ရောက်လာမှုသည် တစ်နေ့ထက်တစ်နေ့ပိုမိုမြင့်
မားလာနေကြောင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း စတင်ရန်
အတွက်လာရောက်စဉ်ကတည်းက ၀င်ရောက်လာသော တရုတ်များသည်
ဗီဇာသက်တမ်းကုန်သော်လည်း ပြန်လည်ထွက်ခွာခြင်းမရှိသည့်အပြင်
နောက်ထပ်
တစ်ယောက်ပြီး တစ်ယောက် ထပ်မံဝင်ရောက်လာခြင်းသာ ရှိနေကြောင်း
မြန်မာဝမ်ပေါင်ကြေးနီသတ္ထုတူးဖော်ရေးစီမံကိန်းမှ မြန်မာ အလုပ်သမား တစ်ဦးက
သလ္လာဝတီတိုင်းမ်ကိုအတည်ပြုပြောကြားခဲ့ပါတယ်။
"လ-၀-က အနေနဲ့
ပြည်ဝင်ခွင့် ဗီဇာကို လာရောက်စစ်ဆေးတာမျိုးတစ်ခါမှ မရှိခဲ့ပါဘူး။
ဒီအလုပ်ခွင်ထဲမှာ ဗီဇာသက်တမ်းကုန်နေတဲ့ ပညာရှင်ဆိုပြီး အကြောင်းပြခေါ်လာတဲ့
တရုတ်တွေအများကြီးရှိနေပါတယ်။တစ်ကယ်တန်း ပညာရှင်မဟုတ်ပါဘူး။ တစ်ချို့ဆိုရင်
အလုပ်ခွင်မှာ မူးယစ်ဆေးဝါးသုံးစွဲနေ တဲ့သူတွေ ရှိနေပါတယ်။"
မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦး က သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။
တရုတ်လူမျိုးများကို လုပ်ငန်းလိုအပ်မှုတွေထက်ပိုမိုခေါ်ယူထားမှုမြင့်တက်
လာနေသော်လည်း ဒေသခံများအား အလုပ်ခန့်ထားမှုမှာ အလွန်ပင်နည်းနေ
ပြီး
တစ်အိမ်ထောင်စု တစ်ယောက်နှုန်း ယာမြေ(၁၀)ဧက စွန့်လွတ်ရသည့်
ယာပိုင်ရှင်တစ်ဦးလျှင် အလုပ်တစ်နေရာသာခန့်ထားမှုများရှိနေကြောင်း
မိုးကြိုးပြင်ရွာနေသူတစ်ဦးကဆိုပါတယ်။
ThanLarWaddy Times
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago