ဂုဏ်ပြု မှတ်တမ်းလွှာကို ယမန်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် Myanmar Miss Universe မိုးစက်ဝိုင်နှင့် မနောအလှတေးဂီတအဖွဲ့မှ ဒေါ်အယ်ခွန်းရီတို့က လာရောက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးရသည့်အကြောင်းနှင့်ပတ်သက်ပြီ
“ ဦးဇင်းတို့ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ကို မိုးစက်ဝိုင်ကိုယ်တိုင် လာပြီးတော့ ဂုဏ်ပြု မှတ်တမ်း လွှာပေးတာပါ။ ဘာကြောင့်လဲဆိုတော့ ဦးဇင်းတို့ ရခိုင်အမျိုးသား လူမှု ကယ်ဆယ်ရေး အဖွဲ့က ကချင်ပြည်နယ် က အကူအညီလိုအပ်နေတဲ့ ဒေသခံ တိုင်းရင်းသား တွေကို လူမျိုးဘာသာ မခွဲခြားဘဲ သိန်း (၂၀) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လှူဒါန်းလိုက်တဲ့အတွက် အဲဒါကို သူတို့က လာရောက်ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးတာ ဖြစ်ပါတယ်။”
ကချင်ပြည်နယ်အတွင်း ဒေသခံ တိုင်းရင်းသားများကို မြန်မာကျပ်ငွေ သိန်း (၂၀) တန်ဖိုးရှိသည့် အ၀တ်အထည် (၄၀၀)နှင့် ဗလာစအုပ် ဒါဇင် (၁၀၀)၊ ခဲတံချောင်း ၁၀၀၀ ကို ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန် ကုန်)မှ အောက်တိုဘာလ ၅ ရက်နေ့က လှူဒါန်းခဲ့သည်။
“ပြီးခဲ့တဲ့ စနေနေ့က အယ်လ်ခွန်းရီတို့ အဖွဲ့ကို သိန်း ၂၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လှူဒါန်း လိုက်ပါတယ်။ အဲဒီ နေ့က ဖိုးလပြည့်နဲ့ ဘောလုံးအဖွဲ့က အစည်းအဝေးရှိတယ်။ မိုးစက်ဝိုင်လည်း ပါတယ်။ အဲဒီနေ့က ဂုဏ်ပြု မှတ်တမ်းလွှာပေးဖို့ သူတို့ မရလိုက်ဘူး။ ဒီနေ့အားတဲ့အချိန်မှာ မိုးစက်ဝိုင် ကိုယ်တိုင်လာပြီးတော့ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်တာဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် လိုအပ်နေ သော လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည့်အပြင် ဘင်္ဂလာဒေ့ခ်ျမှ မြန်မာနိုင်ငံ အတွင်း ၀င်ရောက်လာသော ရခိုင်များနှင့် ရခိုင်မျိုးနွယ်ဝင်များအားလည်း ကယ်ဆယ်ရေးဌာနများ ဖွင့်လှစ်ကာ ကူညီ လှူဒါန်းလျှက်ရှိကြောင်း သိရှိရသည်။
၈ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ နိရဉ္စရာ