Headlines News :
Home » » နိုင်ငံရေးသမားများကို ထောင်ချရာတွင် အသုံးပြုခဲ့သည့် အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်သို့ အစားထိုး ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

နိုင်ငံရေးသမားများကို ထောင်ချရာတွင် အသုံးပြုခဲ့သည့် အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်သို့ အစားထိုး ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 9:27 AM


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဥပဒေကြမ်းကို တင်သွင်းစဉ်

ပြစ်မှု၊ ပြစ်ဒဏ်များတွင် ထောင်ဒဏ်အစား ငွေဒဏ်များ အစားထိုးကာ နိုင်ငံရေး သမားများကို ထောင်ချရာတွင် အသုံးပြုခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၅/ ၂၀၀၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အောက်တိုဘာ ၇ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၀၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ ပါ ပြစ်ဒဏ်များမှ ''ထောင်ဒဏ် ၅ နှစ်၊ ငွေဒဏ် နှင့် ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်'' ဆိုသည့် စကားရပ်အစား ''ငွေဒဏ် ကျပ် ၅၀ သိန်းမှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် ၆ လ ချမှတ်ရမည်'' ဟုလည်းကောင်း အစားထိုး ပြင်ဆင်ထားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၅ တွင် ပါရှိသော ပြစ်ဒဏ်များမှ ''ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်'' ဆိုသည့် စကားရပ်အစား ငွေဒဏ် ကျပ်တစ်ဆယ်သိန်းမှ ကျပ် ၅၀ သိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် ခြောက်လချမှတ်ရမည်'' ဟု ပြင်ဆင်ထားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၆ တွင် ပါရှိသော''ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုသည့် စကားရပ်အစား ''ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်'' ဟု ပြင်ဆင်ထားသည်။
ထို့ပြင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၇ တွင် ပါရှိသော ''မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုသည့် စကားရပ် အစား'' မည်သူမဆို အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်'' ဟု စကားရပ်ဖြင့် အစားထိုးထားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ တွင်ပါရှိသော ''မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်'' ဆိုသည့် စကားရပ်အစား ''မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်'' ဟု အစားထိုး ပြင်ဆင်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြစ်ဒဏ်အားလုံးကို ထောင်ဒဏ်ကနေ ငွေဒဏ်အဖြစ် အစားထိုးထားတယ်။ ငွေဒဏ်မဆောင်နိုင်မှ ထောင်ဒဏ်ကို လွှဲထားပါတယ်။ တစ်ခုတည်းသော ထောင်ဒဏ်ပါတဲ့ ပုဒ်မကို ကင်းလွတ်ခွင့် သတ်မှတ်ပြီး ခုခံလို့ရအောင် ကျွန်တော် လုပ်ထားတယ်။ ဒီဥပဒေကို ပြင်ဆင်ပြီး တင်ရတဲ့ ရည်ရွယ်ချက်က ဒီဥပဒေက နိုင်ငံရေး သဘောကွဲတဲ့ ပညာရှင်တွေကို ထောင်ထဲပို့တဲ့ ဥပဒေ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီဥပဒေကို အရင်ဆုံး ပယ်ဖျက်ဖို့ တင်တယ်။ ပယ်ဖျက်လို့ မရတော့ ဆက်သွယ်ရေး ဒုတိယ၀န်ကြီးရဲ့ သဘောအရ ခေတ်နဲ့အညီ ပြင်ဆင်ဖို့ ကြားကာလ တစ်ခုမှာ လိုတယ်ပြောတယ်။ ဒါကြောင့် တစ်စုံတစ်ရာ ပညာရှင်တွေကို ကာကွယ်ဖို့ နည်းပညာကို နိုင်ငံရေးအရ အသုံးမချဖို့ တင်တာပါ''ဟု ပြောကြားသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template