၈၈ ခေါင်းဆောင် ဦးမင်းကိုနိုင် တောင်ကိုရီးယားကို ရောက်ရှိ
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင် ဟာ
တောင်ကိုရီးယားနိုင်ငံကို ယနေ့ မနက်ပိုင်းက ရောက်ရှိကြောင်း သိရပါတယ်။
သူ့ရဲ့ ၅၁ နှစ်ပြည့် မွေးနေ့အပြီး အောက်တိုဘာလ ၁၉ ရက်နေ့ က
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ အာရှဒီမိုကရေစီ ကွန်ရက် ညီလာခံကို
တက်ရောက်ဖို့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဒီညီလာခံမှာ မြန်မာနိုင်ငံက အခြား
အဖွဲ့အစည်းကသူတွေလည်း တက်ရောက်ကြမှာဖြစ်သလို ဦးမင်းကိုနိုင် အနေနဲ့
ဒုတိယမြောက် တောင်ကိုရီးယား နိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်။
အိမ့်သံစဉ် ~