Headlines News :
Home » » ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 6:56 PM

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်နှင့် တွေ့ဆုံဆွေးနွေး

ပန်ဆန်း အောက်တိုဘာ ၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ခေါင်းဆောင်သောအဖွဲ့သည် ယခုလ ၄ရက် မွန်းလွဲ ၁နာရီတွင် 'ဝ'အထူးဒေသ(၂)သို့ ရောက်ရှိကာ 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက် ယူချန်နှင့်တွေ့ဆုံခဲ့စဉ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးမှု များကို ပြည်ထောင်စုနေ့စဉ်သတင်းစာက မှတ်တမ်းတင်ဖော်ပြပါသည်။

'ဝ' ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး နိုင်ငံတော်မှကူညီပေးရန်မျှော်လင့်စောင့် စားနေကြောင်း ဦးပေါက်ယူချန်ဆွေးနွေးပြောကြား.....

''နိုင်ငံတွင်းအေးချမ်းပြီး ဒေသတွင်းအေးချမ်းမှုရှိစေချင်ပါတယ်။ နိုင်ငံတော်ကနေပြီး ကျွန်တော် တို့ရဲ့စားဝတ်နေရေးနဲ့လူမှုရေးကိစ္စတွေတစ်ဆင့် တိုးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရင် အကောင်း ဆုံးပါပဲ။ ကျွန်တော်တို့ဒေသ စာပေယဉ်ကျေးမှုနိမ့်ပါတယ်။ ဒါကြောင့် အသိပညာ ပိုင်းအားနည်းတယ်။ ကျွန်တော်တို့ဒေသကိုတည်ဆောက်တဲ့နေရာမှာ၊ ဖွံ့ဖြိုးအောင်လုပ်တဲ့နေရာမှာ တစ်ဖက်ကလုပ်ရင်း တစ်ဖက်ကစဉ်းစားရင်း သုံးသပ်မြှင့်တင်ရတာဖြစ်ပါတယ်။ ဒါကြောင့် အချိန်နည်းနည်းကြာပါမယ်။
''ကျွန်တော်တို့ စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျတယ်။ ပညာရေးအရ ယဉ်ကျေးမှုနောက်ကျတယ်။ ဒေသတွေဆိုရင် နိုင်ငံတော်က ဦးစီးဦးဆောင်ပြုပြီး အားပေးဖို့၊ ကူညီပံ့ပိုးပေးဖို့ အဓိကလိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံတော်ကြီးတည်ငြိမ်ဖို့၊ အေးချမ်းဖို့ကို မျှော်လင့်နေကြပါတယ်။ ဖြစ်လာမယ် လို့လဲ မျှော်လင့်ပါတယ်။ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ပြည်သူလူထုရဲ့ပညာရေးကိစ္စ၊ ပြည်သူလူထု လူမှုဘဝမြှင့်တင်လာရေးကိစ္စတွေအတွက် နိုင်ငံတော်အစိုးရကိုအများကြီး မျှော်လင့်ထားပါတယ်။
''အရင်တုန်းက ကျွန်တော်တို့တွေ စစ်ပွဲတွေ၊တိုက်တာခိုက်တာတွေဖြစ်နေတယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ဆင်းရဲတာပေါ့။ အခုငြိမ်းချမ်းရေးကို ကျွန်တော်တို့ မျှော်လင့် တယ်။ ငြိမ်းချမ်းရေးရှိမှဒေသဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဒေသဖွံ့ဖြိုးမှုနိမ့်ကျတဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကလည်းနည်းပါးတယ်။ ဒါကြောင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးတွေဆောင်ရွက်တဲ့နေရာမှာ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းဆောင်ရွက်နေရပါတယ်။
''ကမ္ဘာမှာ ကျွန်တော်တို့တိုင်းပြည်ထက် လူဦးရေများတဲ့တိုင်းပြည်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လူဦးရေဒီလောက် များတာမဟုတ်ပေမယ့် တိုင်းရင်းသားမျိုးကွဲ(လူမျိုး) တွေများတယ်။
ဒေသတွေမှာလဲ ဆင်းရဲပြီးနောက်ကျကျန်ရစ်နေခဲ့တယ်။ ဒါကြောင့်မို့ ဖွံ့ဖြိုးမှု ရှေ့တိုးတက်လာနိုင်ရေးအတွက် တဖြည်းဖြည်းကြိုးစား သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ဘက်က ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုကူညီမလဲဆိုတာ စိတ်ဝင်တစား မျှော်လင့်နေပါ တယ်။ လျှပ်စစ်စွမ်းအင်ကလည်း တော်တော်လေး ကိုချို့တဲ့တယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ် စွမ်းအားက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် အေးအေးချမ်းချမ်းဖြစ်လာရင် နိုင်ငံတော်က သံလွင် မြစ်မှာ ရေကာတာကြီးတွေတည်ဆောက်ပြီးလုပ်ပေးရင် လျှပ်စစ်ကဏ္ဍဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။''ကျွန်တော်တို့မှာ အတတ်ပညာ၊ နည်းပညာနဲ့ ဓနအင်အားဟာ ပြောပလောက်အောင် မရှိပေမယ့် နိုင်ငံတကာကိုဖိတ်ခေါ်ပြီးတော့ အတူတူပူးပေါင်းဆောင် ရွက်လို့ရှိရင် ဒါဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကျွန်တော်ယုံတယ်၊ ကျွန်တော်တို့တိုင်းပြည်မှာ ရေအရင်းအမြစ်နဲ့ သစ်တောအရင်းအမြစ်တွေ အများကြီးရှိတယ်။ ဒီသယံဇာတက တိုင်းပြည်ဖွံ့ဖြိုးရေးမှာအရေးကြီးတယ်။ ကြွရောက်လာကြတဲ့ လူကြီးမင်းများကသာ ကျွန်တော်တို့ဒေသ
ဖွံ့ဖြိုးရေးအတွက် ကောင်းတဲ့အကြံဥာဏ်တွေကိုသာပေးပါ။ အကြံဥာဏ်ပေးမှုတွေကိုလဲ ကြိုဆိုပါတယ်''ဟူ၍ ဆွေးနွေးပြောကြားသည်။
..................................
အရေးကြီးကိစ္စများ ကိုယ်တိုင်ဆုံးဖြတ်ချက်ပေးမည်ဖြစ်၍ ဘေးစကားမယုံရန် နိုင်ငံတော်သမ္မတမှာကြား .....

ဦးသိန်းဇော်ကလည်း ''နိုင်ငံတော်သမ္မတ ကြီးက ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းရင်းသားခေါင်း ဆောင်များအားလုံး၊ 'ဝ'ဒေသမှ ပြည်သူများ အားလုံး ကျန်းမာချမ်းသာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စိတ်ဆန္ဒအပြည့်ရှိသည်ဟု မှာကြား ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ဤ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် တပ်မတော်အရာရှိကြီးတစ်ယောက်ဖြစ် သည်နှင့် အညီ ဤနယ်ဤဒေသကို အမြဲတမ်းသံယောဇဉ် ရှိနေသည်ဟု မှာကြားလိုက်ပါကြောင်း၊ ပြည်သူ များတင်မြှောက်လိုက်သော ပြည်ထောင်စု လွှတ်တော်၏ဆန္ဒအရ နိုင်ငံတော်သမ္မတကြီး သည် နိုင်ငံတော်၏ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း။
''ထို့ကြောင့်နိုင်ငံတော်သမ္မတကြီးက နိုင်ငံ တော်၏အရေးအရာများနှင့် တိုင်းရင်းသားများ၏ အရေးအရာများအနက် အရေးကြီးကိစ္စများကို ၄င်းကိုယ်တိုင် ဆုံးဖြတ်ချက်ပေးမည်ဟုပြောပါ ကြောင်း၊ ဘေးစကားများကို ဦးပေါက်ယူချန်တို့ အနေဖြင့် မယုံကြည်ပါနှင့်ဟုမှာကြားပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အဆုံးအဖြတ် ပေးမှသာလျှင် ယုံကြည်ပါဟုမှာကြားကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ဥက္ကဋ္ဌကြီးနှင့် တကွ အဖွဲ့ဝင်အားလုံး၏လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရှေ့မှ မားမားမတ်မတ်ဦးဆောင်ပြီး ဥက္ကဋ္ဌကြီးတို့နှင့်အတူပူးပေါင်းဆောင်ရွက်သွား ရန် ဆန္ဒအပြည့်ရှိသည်ဟု မှာကြားလိုက်ပါ ကြောင်း''ဖြင့် အသိပေးပြောကြားသည်။
..................................
'ဝ'ပြည်နယ်တောင်းဆိုခြင်းကို နားလည်ပါကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှာကြား......

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌဦးသိန်းဇော် က''ယနေ့ တိုင်းရင်းသားတွေအတွက် ကာကွယ် စောင့်ရှောက်တဲ့ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာမှုများကို ငြိမ်းချမ်းရေးအတွက် ရော၊တိုင်းရင်းသားတွေအတွက်ရော ဆောင်ရွက် နေပါတယ်။ ဥက္ကဋ္ဌကြီးနဲ့တကွ 'ဝ'ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ ဆန္ဒကို နားလည် ပါတယ်။ 'ဝ'ပြည်နယ်တောင်းဆိုတာကိုလဲ နားလည်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် အရည် အချင်းတွေကိုက်ညီအောင်
ဥက္ကဋ္ဌကြီးနဲ့တကွ'ဝ' တိုင်းရင်းသားတွေရော၊ မိမိတို့နိုင်ငံတော်ရော အားလုံးပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုရင် တစ်ချိန်မှာမဖြစ်ဘူးဆိုတာ ပြောလို့မရပါဘူး'' ဟူသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း၏မှာကြားမှုများကိုလည်း အသိပေး ပြောကြားသည်။
ယင်းနောက် 'ဝ'အထူးဒေသ(၂)ဥက္ကဋ္ဌ ဦးပေါက်ယူချန်၏ ကောင်းမွန် မွန်မြတ်သည့် သဘောထားများအပေါ် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုယ်စားလှယ် အဖွဲ့က အလေးအနက်ထားကြိုဆိုပါကြောင်း၊ ဥက္ကဋ္ဌ ဦးပေါက်ယူချန်အနေဖြင့်လဲ ပိုမိုကျန်းမာ လျက် 'ဝ'ဒေသကိုဆက်လက်၍ ခေါင်းဆောင် ပြီး ယခုထက် ပိုမိုပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ကိုယ်စားလှယ်အဖွဲ့ ဝင်အားလုံးကဆုတောင်းပါကြောင်း ထပ်လောင်း ပြောကြားသည်။
--------------------------------
ဒေသဖွံ့ဖြိုးမှုနှင့်တည်ငြိမ်မှုကို စိတ်ရောကိုယ်ပါထမ်းဆောင်နိုင်သူများ
ဖြစ်ရေး အစဉ်ကြိုးပမ်းနေရန် ကာကွယ်ရေးဦးစီးချုပ်မှာကြား......

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက ဆွေးနွေးပြောကြား ရာတွင် ''တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မှာကြားချက်ကိုပြောချင်ပါတယ်။ ဒီဒေသ ဖွံ့ဖြိုး တိုးတက်မှုနဲ့
တည်ငြိမ်အေးချမ်းမှုတွေကို တကယ့် ကို စိတ်ရောကိုယ်ပါ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ် တွေဖြစ်အောင် အစဉ်အမြဲကြိုးပမ်းနေဖို့ မှာကြား ပါတယ်။ လိုအပ်တာရှိရင် ကျွန်တော်ကတစ်ဆင့်
ပြန်လည်မှာကြားဖို့ပြောပါတယ်။ သူကိုယ်တိုင် မလာရောက်နိုင်ပေမယ့် ကျွန်တော့်ကို သူ့ ကိုယ်စား သူ့လိုသဘောထားပြီး ပြောဆိုဆက်ဆံ နိုင်ပါတယ်လို့ မှာကြားလိုက်ပါတယ်။ ဒီကို မလာမီမှာ သမ္မတကြီးနဲ့လဲ ဝင်ရောက်တွေ့ဆုံခဲ့ပါ တယ်။ ဒီဘက်နယ်မြေဒေသဖွံ့ဖြိုးမှုနဲ့ပတ်သက် ပြီးတော့ ဘာများလိုအပ်သလဲ၊ တိုင်ပင်ညှိနှိုင်းပြီး တကယ့်ကို အင်တိုက် အားတိုက် အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးဖို့ ကျွန်တော့်ကို အထူးမှာကြား လိုက်ပါတယ်။ အရင်တုန်းက ဒီဘက်နယ်မြေ ဒေသတွေမှာဖောက်
လုပ်ခဲ့တဲ့လမ်းတွေဟာ အချိန် ကာလကြာမြင့်တော့ လမ်းရဲ့စွမ်းအားတွေ ကုန်ပြီ ဆိုတာကို သမ္မတကြီး ကြားသိရတယ်လို့ဆိုပါ တယ်။ အဲ့ဒီလမ်းတွေ စွမ်းအားပြန်လည်မြှင့်တင် ပေးဖို့ ကတ္တရာလှူပေးဖို့ကိုလဲ ကျွန်တော့်ကို မှာပါတယ်။ နောက်ဘာတွေလိုအပ်သေးလဲဆို တာကို တိုင်ပင်ညှိနှိုင်းပြီး
အကောင်းဆုံးဖြစ်အောင် နဲ့ တကယ့်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက် ပေးပါလို့လဲ အလေးထားမှာကြားပါတယ်''ဟု ဆွေးနွေးပြောကြားခဲ့သည်။

The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template