Headlines News :
Home » » မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 7:14 PM


Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။  ဒေါ်အယ်လ်ခွန်းရီဟာ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးလည်း  ဖြစ်ပါတယ်။


 Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ နောက်ဆုံး ဇကာတင် ၅ ဦး၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

 "အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က
ငွေကြေး   များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်..

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ  ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး...

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ..

သူလည်း တစ်ချိန်က တက္ကသိုလ်  ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်..

အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်..

၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ 
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."  လို့

 ဒေါ်အယ်လ်ခွန်းရီက မေတ္တာရပ်ခံထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Miss Myanmar Universe
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template