Headlines News :
Home » , » မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ခန့် လိမ်၍ ထိုင်းသို့ထွက်ပြေး

မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ခန့် လိမ်၍ ထိုင်းသို့ထွက်ပြေး

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 3:58 PM

 
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င်ငွေကြေးလဲလှယ်သူ အမျိုးသမီးတစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

““ငွေလိမ်ခံလိုက်ရသူတချို့ ရဲစခန်းကိုလာအကြောင်းကြားလို့ ဆွေမျိုးနီးစပ်တော်သူအချို့ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဓိက သံသယရှိသူကတော့ ထိုင်းဘက်တိမ်းရှောင်သွားတယ်လို့ သိရပါတယ်”” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငွေလိမ်လည်၍ ထိုင်းနိုင်ငံသို့  ထွက်ပြေးတိမ်းရှောင်သွားသူမှာ မူဆယ်မြို့ နာရီစင်အနီးနေ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏မိဘများနှင့် သွားရောက်ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေမှုမရခဲ့ကြောင်း ငွေကျပ် သိန်းခုနစ်ရာခန့် လိမ်လည်ခံခဲ့ရသည့် နမ့်ခမ်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ကုန်သည်များနှင့် အဓိကအရောင်းအ၀ယ်ပြုလုပ်သည့် မြန်မာကုန်သည်များက မူဆယ်မြို့တွင် ယွမ်နှင့်ကျပ်ငွေ အလဲအလှယ်ပြုလုပ်ရန် ငွေပေးချေလေ့ရှိပြီး ယခု ငွေလိမ်လည်မှုဖြစ်စဉ်တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နှင့် ရန်ကုန်မြို့မှ ကုန်သည်အချို့ လိမ်လည်ခံရခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။
““တရားမ၀င် ငွေကြေးလဲလှယ်တဲ့သူတွေယူတဲ့ ၀န်ဆောင်ခက ဘဏ်တွေထက်သက်သာတော့ ကုန်သည်တွေက ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာ။ အခုလိုဖြစ်တော့ ကုန်သည်အချို့ အခက်အခဲ ဖြစ်ကုန်တယ်”” ဟု အဆိုပါကုန်သည်က ပြောသည်။

ထိုဖြစ်ရပ်ကို မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိဘဲ နမ့်ခမ်းနှင့်ရန်ကုန်မြို့ရှိ သက်ဆိုင်ရာရဲစခန်းများတွင်သာ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

7Day Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template