Headlines News :
Home » , » နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး

နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး

Written By လွင့်မောင်မောင် on Sunday, October 20, 2013 | 2:45 PM

အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့  နိုင်ငံခြား
သူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာမျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။ 

နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ 

နန်းခင်ဇေယျာဟာ တိုးရစ် ဂိုက်လည်း လုပ်သလို မနှစ်ကတော့ မြန်မာကိုယ်စားပြုပြီး ဂျပန်နိုင်ငံမှာ ကျင်းပ တဲ့ Miss International ပြိုင်ပွဲမျာ အင်တာနက်ဆုအပါအ၀င် ဆုတွေရခဲ့လို့ အခုတော့ သူဟာ ကြေညာမင်းသမီး လည်း ဖြစ်လာ ပါတယ်။ 

တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို အခုတော့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် တဲ့ Miss တချို့ကို နန်းခင်ဇေယျာက တိုးရစ်ဂိုက်အနေနဲ့ လိုက်ပါ ပို့ဆောင် ရှင်းလင်းပြသဖို့ ရှိပါတယ်။ 


အခု မြင်ရတဲ့ ပုံထဲမှာတော့ နန်းခင်ဇေယျာအပါအ၀င် မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့ Miss တွေ ဟာ မြန်မာဝတ်စုံတွေ ၀တ်၊ မြန်မာ့သနပ်ခါးကိုလိမ်းပြီး မြန်မာဆိုတာဘာကို စတင် လေ့လာဖို့ အဆင်သင့် 
ဖြစ်နေပုံကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်က တဆင့် အသိပေးထားပါတယ်။

နန်းခင်ဇေယျာကတော့ နိုင်ငံခြားသူ Miss တွေကို မြန်မာ့ရိုးရာ ၀တ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေနဲ့
 မြန်မာဆိုတာ ကမ္ဘာက ပိုပြီးစိတ်ဝင်စားအောင် ကြိုးစားမှုလည်းဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template