Headlines News :
Home » » မန္တလေး ကားရောင်းဝယ်ရေး ဈေးကွက်တွင် ကျပ်သိန်းပေါင်း လေးသောင်း နီးပါး လိမ်လည်မှု ဖြစ်

မန္တလေး ကားရောင်းဝယ်ရေး ဈေးကွက်တွင် ကျပ်သိန်းပေါင်း လေးသောင်း နီးပါး လိမ်လည်မှု ဖြစ်

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 4:19 PM

Tuesday, October 8, 2013

မြန်မာ နိုင်ငံကားလောကအတွင်း အကြီး မားဆုံးဖြစ်သည့် ငွေကျပ်သိန်း ပေါင်းလေးသောင်းနီးပါး အလွဲသုံး စားလုပ်ခံရမှုမှာ မန္တလေးမြို့ရှိ ကား ဝယ်ရောင်းသမားများကြား တွင် တွေ့ကြုံနေရပြီး အဆိုပါကိစ္စအ တွက် အရေးယူဆောင်ရွက်ပေးပါ ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် မန္တလေးတိုင်းဒေသကြီး၊ ဝန် ကြီးချုပ် ဦးရဲမြင့် တို့ထံ ကော်မတီ ဖွဲ့ကာ စာတင်ပြထားကြောင်း သိ ရသည်။

ယုံကြည်မှုအပေါ်အလွဲသုံး စားလုပ်ခံရ၍ ငွေကြေးများစွာ နစ် နာမှုများ ဆုံးရှုံးခဲ့ကြသည့် ကား ဝယ်ရောင်းသမားများနှင့် ကားပွဲ စားသမားများ စုပေါင်းကာ စာနယ် ဇင်းရှင်းလင်းပွဲတစ်ရပ်ကို လည်း အောက်တိုဘာ ၅ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ အိုရီယမ်တယ်လ် ဟောက်စ်ခန်းမ တွင် ပြုလုပ်ခြင်း ဖြစ်ရာ အလွဲသုံးစားလုပ်သွားသူ ကို တရားဥပဒေအရ ရင်ဆိုင်ဖြေ ရှင်းသွားမည်ဖြစ်ကြောင်းသိရသည်။

''ဟိုအရင်တုန်းကလဲ မန္တလေး ကားလောကမှာ အချင်းချင်းငွေ ကြေး အလွဲသုံးစားလုပ်သွားတာ တွေရှိခဲ့ဖူးပေမယ့် အခုကိစ္စ ကတော့ တော်တော်လေး ကို ဆုံးရှုံး မှုပမာဏ ကြီးမားသလို နစ်နာခဲ့ရတဲ့ ကားပွဲ စားတွေအရေအတွက်ကလဲ များ ပါတယ်။ တချို့ဆိုရင် တစ်ဦးထဲ ကို ကားအစီး ၂ဝလောက်အထိ အလွဲသုံးစားအလုပ်ခံလိုက်ရပါ တယ်။ အခု ကျွန်တော်တို့အလွဲ သုံးစားအလုပ်ခံလိုက်ရတဲ့ကား တွေအတွက်ဆိုရင် ယာဉ်စလစ် တန်ဖိုးတွေရော၊ ကညနမှာ ယာဉ် စစ်ဖို့အတွက် ကိုရော ငွေအကျေ ချေပြီး သားဖြစ်ပါတယ်။

အလွဲသုံး စားလုပ်သွားသူက ငွေလက်ခံ ကြောင်း စာချုပ်မှာလက်မှတ်ရေး ထိုးထားတဲ့ သက်သေတွေလဲရှိ ပါတယ်။ အဲ့ဒီသူနဲ့က ကားလော ကမှာ ဝယ်ရောင်းလုပ်ကိုင်ကြရင်း လက်တွဲလာတာကြာပြီဖြစ်လို့ တချို့ပွဲစားတွေဆိုရင် ငွေကိုစာ ချုပ်နဲ့မဟုတ်ပဲ ဒီအတိုင်း အလွတ် ပေးလိုက် တာတွေတောင် ရှိပါ တယ်။ အားလုံးဖြစ်စေချင်တဲ့ ဆန္ဒ ကတော့ ဒီကိစ္စကို အလွဲသုံးစား လုပ်သွားသူက တာဝန်ယူဖြေရှင်း ပေးစေချင်ပြီး အခုလောလော ဆယ် သူက အကြောင်းအမျိုးမျိုး ပြပြီး ထွက်ပြေး တိမ်းရှောင်နေ တာ ကြောင့် နစ်နာသူတွေက ကော်မ တီတစ်ခုဖွဲ့ပြီး ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်''ဟု အလွဲ သုံးစားပြုခံရသူတစ်ဦးဖြစ်သည့် ကိုအောင်ကပြောသည်။

ယာဉ်စလစ်တန်ဖိုးငွေများ အား အလွဲသုံးစားပြုသွားပြီး ထွက် ပြေး တိမ်းရှောင်နေ သူ မှာ မန္တလေး မြို့၊ အကွက်၃၂၃၊ ကျောက်ကွေ့ ရပ်၊ ချမ်းအေးသာစံမြို့နယ်နေသူ ဖြစ်ရာ အလွဲသုံးစားပြုခံရသည့် ကားဝယ်ရောင်းသမားတချို့စု ပေါင်းကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၃အရ အရေးယူပေးပါရန် ချမ်း အေးသာစံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုရှိပြီး တရား ရုံးက ၂၀၁၃ခုနှစ် ပြစ်မှုကြီးအ မှတ် ၁၅၈ဝဖြင့်လက်ခံထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။ မန္တလေး ကားလောကအတွက် အကြီးမား ဆုံးရိုက်ခတ်မှုတစ်ခု လည်းဖြစ်သ ဖြင့် အလွဲသုံးစားပြုခံလိုက်ရသည့် ကားဝယ်ရောင်းများ အတွက် ငွေ ကြေးအခက်အခဲများ ကြုံတွေ့နေ ရပြီး ဘဝပျက်မည့်အခြေ အနေ နှင့်ပင်ရင်ဆိုင်နေရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။
''ကားလောကသားအချင်း ချင်း တစ်ယောက်နဲ့တစ်ယောက် နှစ်သိမ့် အားပေးနေရပါတယ်။ တချို့ဆိုရင် အိမ်တွေဘာတွေ ပေါင်ရတဲ့အထိ အခြေအနေရောက် နေရပြီး တော်တော်လေးလဲ စိတ် ထိခိုက်နေကြပါတယ်။

ကားအ ဟောင်းလေးကို ကညနအပ်ပြီး မရှိမဲ့ရှိမဲ့ငွေလေးနဲ့ ကား အသစ် လေးပြောင်း စီးချင်နေတဲ့ ကားပိုင် ရှင်တွေရဲ့အိမ်မက်တွေ လည်း ရေ စုန်မျောသွားပြီ''ဟုဆိုသည်။ စာ နယ်ဇင်းရှင်းလင်းပွဲ ဦးဆောင်စီ စဉ်သူများ၏ ပြောကြားချက်အရ အလွဲသုံးစားလုပ်ခံရသည့် ကားအ စီးရေ မှာ ၂၅ဝအထိ ရှိကြောင်း သိရသည်။

Yangon Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template