Headlines News :
Home » » ဥယျာဉ်မြေကို အိမ်ယာမြေပြောင်းခြင်းက ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိ

ဥယျာဉ်မြေကို အိမ်ယာမြေပြောင်းခြင်းက ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိ

Written By Live100 on Monday, August 24, 2015 | 7:38 PM



|Dawei Watch| ထားဝယ်၊ သြဂုတ် ၂၄
ထားယ်မြို့ပေါ် ၁၅ ရပ်ကွက် ရှိ ဥယျာဉ်ခြံမြေ အဖြစ်ရှိနေသေးသည့် မြေများကို အိမ်ယာမြေအဖြစ်ပြောင်းလဲခြင်းသည် ပိုင်ဆိုင်သူအမည် အပြောင်းအလဲ ပြုလုပ်၍ မရသည့်အတွက် ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက်ရှိ မြေများကို မြို့မြေငှားဂရမ် ထုတ်ပေးနိုင်ရန် ဥယျာဉ်ခြံ မြေများကို အိမ်ယာမြေများအဖြစ် ဦးစွာ ပြောင်းလဲရာတွင် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်သူများ နေခြင်းနှင့်ပက်သက်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းကျော်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“အဲဒါက ဂရန်မဟုတ်သေးဘူး။ ဥယျာဉ်မြေကို အိမ်ယာမြေအဖြစ် ပြောင်းတာပဲ ရှိသေးတယ်။ တချို့က ပိုင်ဆိုင်မှုကို ကန့်ကွက် လာတာရှိတယ်။ အခုပြောင်းတာက အရင်ကတည်းက အမည်ပေါက်တဲ့အတိုင်းပါပဲ” ဟု ဦးဇော်ဝင်းကျော်က ပြောသည်။
အိမ်ယာမြေအဖြစ် ပြောင်းလဲပြီး မြို့မြေငှားဂရမ် လျှောက်ထားသည့်အခါမှသာ ပိုင်ဆိုင်မှုကို အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက်တွင် ရှိသည့် လက်ရှိ လူနေသည့်မြေများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ဥယျာဉ်ခြံမြေ အဖြစ်သာရှိ နေသေးသည်ဟု ဦးဇော်ဝင်းကျော်က ခန့်မှန်းသည်။
ဥယျာဉ်ခြံမြေကို အိမ်ယာမြေအဖြစ် ပြောင်းလဲပေးမည့်ကိစ္စကို ပြီးခဲ့သည့် ဇွန်လက စတင်ခဲ့ခြင်းဖြစ်ပြီး ရုံးတွင်ရှိသည့် မြေပုံနှင့် စာရင်းများအရ ဥယျာဉ်ခြံမြေအဖြစ် ရှိနေသေးသည့် မြေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စာရင်းကောက်စေကာ ယင်းမြေပိုင်ရှင်များကို အိမ်ယာမြေအဖြစ် ပြောင်းလဲလျှောက်ထားရန် အကြောင်းကြားစေခဲ့သည်ဟု မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းကျော်က ပြောသည်။
“ရန်ကုန်မှာလိုမျိုး မြို့ပြဧရိယာ တစ်ခါတည်း သတ်မှတ်ပြီး စည်ပင်ကို လွှဲလိုက်ရင် ရှင်းနေတာပဲ။ စည်ပင်နဲ့ အုပ်ချုပ်ရေးက မြေဂရန် တခါတည်း ထုတ်ပေးပေါ့။ ဒါက အမြန်ဆုံးနည်းလမ်းပဲ” ဟု ထားဝယ်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်နေပြီး လက်ရှိအချိန်အထိ ဥယျာဉ်ခြံမြေအဖြစ်ပင် ရှိနေကြသေးသည်မှာ မဖြစ်သင့် ဟု ၎င်းက ဝေဖန်သည်။
ဥယျာဉ်ခြံမြေနှင့် အိမ်ယာမြေများသည် အရောင်းအ၀ယ်ပြုလုပ်သည့်အခါ ပိုင်ဆိုင်မှုအမည်ပြောင်းလဲ၍ မရဘဲ မြို့မြေငှား ဂရန် ရရှိပြီးသည့်မြေများသာ ပိုင်ဆိုင်မှုအမည် အပြောင်းအလဲပြုလုပ်နိုင်ကြောင်း သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template