သြဂုတ် ၂၂ ရက်ညက တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းခရိုင်မှာ ဓာတုပစ္စည်းစက်ရုံတရုံ ပေါက်ကွဲသွားပါတယ်။
ဇီဘိုမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သြဂုတ် ၂၃ ရက်မနက်ပိုင်းမှာ မီးတွေက ငြိမ်းသွားတယ်လို့ ဆိုပါတယ်။
တရုတ်စီစီတီဗွီသတင်းမှာတော့ အနည်းဆုံး လူ ၁ ဦး သေဆုံးသွားပြီး ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
တရုတ်လူထု နေ့စဉ်ကတော့ ရန်ဇင်း ဓာတုစက်ရုံထဲက ကုန်လောင်ရုံ ပေါက်ကွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံကနေ ၁ ကီလိုမီတာ အကွာမှာ လူနေအိမ်တွေ ရှိတယ်လို့ ဆိုပါတယ်။
အိမ်တွေ ပျက်စီးသွားသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့
ဆိုပါတယ်။
ဒီလအစောပိုင်းမှာလည်း မြောက်ပိုင်းမြို့တော် တီရန်ကျင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ အနည်းဆုံး ၁၁၆ ဦး သေဆုံးခဲ့ပါတယ်။
DVB