
ထားဝယ်တက္ကသိုလ် ၊စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့်အားကစားနှင့်ကာယပညာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကာယဗလမောင် ၊ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် အနုပညာစွမ်းရည်ပြပွဲကို ဒုတိယနေ့အဖြစ် ယနေ့သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။ယနေ့ ကျင်းပပြုလုပ်သည့်
ထားဝယ်တက္ကသိုလ် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် ဓာတုဗေဒအထူးပြုကျောင်းသူ မစန္ဒာမိုးကတက္ကသိုလ်ကာယကြံ့ခိုင်မှုမယ်ဆုကိုလည်းကောင်း၊သင်္ချာအထူးပြုကျောင်းသူမအိန္ဒြာဖြိုးဝေက ဒုတိယဆုကိုလည်းကောင်း ၊သမိုင်းအထူးပြုကျောင်းသူ နော်သွယ်သွယ်ထူးက တတိယဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြသည်။





ထားဝယ်တက္ကသိုလ် ၊စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့်အားကစားနှင့်ကာယပညာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကာယဗလမောင် ၊ကာယကြံ့ခိုင်မယ်ပြိုင်ပွဲနှင့် အနုပညာစွမ်းရည်ပြပွဲကိုဒုတိယနေ့အဖြစ် ယနေ့သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။ယနေ့ကျင်းပသည့် ထားဝယ်တက္ကသိုလ် ကာယဗလမောင်ပြိုင်ပွဲတွင် တက္ကသိုလ် ကာယဗလမောင်ဆုကို ဓာတုဗေဒအထူးပြုကျောင်းသားမောင်ဖြိုးပိုင်ဦး ကလည်းကောင်း၊ဒုတိယဆုကို ဘူမိဗေဒအထူးပြုကျောင်းသား မောင်ပြည့်စုံအောင်ကလည်းကောင်း၊ တတိယဆုကို ဥပဒေပညာအထူးပြုကျောင်းသား မောင်ညီညီအောင်ကလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။



သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
၂၃ သြဂုတ်လ ၂၀၁၅