Headlines News :
Home » » တနင်္သာရီတွင် နှစ်ပေါင်းသုံးဆယ်အတွင်း ရိုးရာခြင်းလုံး ပြိုင်ပွဲ ပထမဆုံး ပြန်ကျင်းပ

တနင်္သာရီတွင် နှစ်ပေါင်းသုံးဆယ်အတွင်း ရိုးရာခြင်းလုံး ပြိုင်ပွဲ ပထမဆုံး ပြန်ကျင်းပ

Written By Live100 on Friday, August 28, 2015 | 10:17 PM


|Dawei Watch| ထားဝယ်၊ သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ပေါင်းသုံးဆယ်အတွင်း မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစား ခန်းမတွင် သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။
၁၉၈၅ ခုနစ်က တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ မြို့နယ် မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ပြီး ယခုနှစ် ၂၀၁၅ ခုနစ်တွင်မှ ခရိုင်အလိုက် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။
ဒေသအတွင်း ခြင်းလုံးခတ်သူများမှာ အပျော်တမ်းခတ်သူများသာ များသည့်အတွက် တိုင်းနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများ သွားသည့်အခါ အဆင်မမီဖြစ်ခဲ့သည်ဟု တိုင်းအား/ကာမှူး ဦးစိုးမိုးနိုင်က ပြောသည်။
“ပြိုင်ပွဲခတ်တဲ့ ပုံစံအတိုင်း လူငယ်တွေ ၀ါသနာပါပြီး လေ့ကျင့်လာအောင် အခုလို ပြန်ကျင်းပဖြစ်တာ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
ယင်းရိုးရာခြင်းလုံးပြိုင်ပွဲကို ကော့သောင်းခရိုင်အသင်း၊ ထားဝယ်ခရိုင်(က)အသင်း၊ ထားဝယ်ခရိုင်(ခ)အသင်းနှင့် မြိတ်ခရိုင် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကော့သောင်းခရိုင်အသင်းက ပထမ၊ ထားဝယ်ခရိုင်(က)အသင်းက ဒုတိယနှင့် ထားဝယ်ခရိုင် (ခ)အသင်းက တတိယ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
“ရိုးရာခြင်း ပြိုင်ပွဲတွေလုပ်မယ်ဆိုရင် စနစ်တကျ ခတ်နိုင်အောင် သင်ပေးမယ့် နေရာတွေရှိဖို့ လိုတယ်” ဟု ညနေဘက် ခြင်းလုံး ခတ် လေ့ရှိသည့် ထားဝယ်မြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
၁၉၉၀ ခုနစ် မတိုင်မီက တနင်္သာရီတိုင်းဒေသကြီးအသင်းက တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများတွင် အမြင့်ဆုံးဆုများအဖြစ် တတိယဆု သုံးကြိမ်၊ အကောင်းဆုံးကစားသမား ဆုတစ်ဆုနှင့် တိုးတက်ဆုံးအသင်းဆုတစ်ဆု တို့ကို ရရှိခဲ့ဖူးကြောင်း တိုင်းအား/ကာထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template