ချင်းပြည်နယ် တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူနေအိမ်များ ပျက်စီးနေပုံ (ဓာတ်ပုံ-MOI) |
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ချင်းပြည်နယ် တွန်းဇံမြို့တွင် ယနေ့နံနက် ၃နာရီမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ သဘာဝ တောင်ပေါ်ရေကန် ရေလျှံ ကျိုးပေါက် ၍ ရွာနှစ်ရွာ ရေထဲမျောပါ ပျက်စီးခဲ့ကြောင်း အစိုးရ သတင်းဌာန များတွင် ထုတ်ပြန်သည်။
လက်ရှိ တောင်ပေါ် ရေကြီး ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ နေရဉ္ဇာမြစ်ရေ တက်လျက်ရှိသော်လည်း ရာဇဂြိုလ်ဆည် ကျိုးပေါက်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရာဇဂြိုလ်ဆည်ပေါက်ကျသည့် ကောလဟာလများကြောင့် ကလေးမြို့ အနိမ့်ပိုင်းရှိမြို့များမှ ဒေသခံများ နေရာများ ပြောင်းရွေ့လျှက်ရှိသည်။
(Xinhua)