Headlines News :
Home » » Vietjet လေကြောင်းလိုင်းမှ လက်မှတ်လေးသိန်းကို အခမဲ့ရောင်းချမည်

Vietjet လေကြောင်းလိုင်းမှ လက်မှတ်လေးသိန်းကို အခမဲ့ရောင်းချမည်

Written By Live100 on Monday, August 24, 2015 | 7:40 PM



 ဗီယက်နမ်နိုင်ငံ၏ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုဖြစ်သော Vietjet လေကြောင်းလိုင်းမှ ယခုလ ၂၅ ရက်မှ စက်တင်ဘာ ၁ ရက် အထိ ရန်ကုန်-ဟိုချီမင်း၊ ဟိုချီမင်း- ဆိုးလ်နှင့်ဟိုချီမင်းနှင့် ဟနွိုင်း-ပလိ ခူးမြို့(ဗီယက်နမ်နိုင်ငံ၏တောင်ပေါ် ဒေသ)များသို့ လေကြောင်းပျံသန်း မှုလမ်းကြောင်း အသစ်စတင်ခြင်း အနေဖြင့် အရောင်းလက်မှတ်လေး သိန်းကို (USDO) (အခမဲ့)ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရ သည်။

ယင်းသို့အရောင်းမြှင့်တင်ရေး အစီအစဉ်ဖြင့် ဗီယက်နမ်ပြည်တွင်း ခရီးစဉ်များအတွက် ဝယ်ယူထား သော လေယာဉ်လက်မှတ်များ၏ သက်တမ်းမှာ ၂ဝ၁၅ ခုနှစ်စက် တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ပြီး အရောင်းမြှင့်တင် ရေးအစီအစဉ်ဖြင့် နိုင်ငံတကာပျံ သန်းမှုလမ်းကြောင်းများဖြစ်သည့် ဗီယက်နမ်မှ ရန်ကုန်၊ ဘန်ကောက်၊ စင်ကာပူ၊ တိုင်ပေနှင့်ဆိုးလ်မြို့များ အတွက် ဝယ်ယူထားသော လေ ယာဉ်လက်မှတ်များ၏သက်တမ်း မှာ ယခုလ ၂၅ ရက်မှ ၂ဝ၁၆ခုနှစ် မတ် ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတန်ဖိုးနည်းလက်မှတ် များတွင် အခွန်၊ ဝန်ဆောင်ခနှင့် အခြားကုန်ကျစရိတ်များပါဝင်ခြင်း မရှိကြောင်း သိရသည်။
''ပွဲတော်ရာသီနီးကပ်လာတာ နဲ့အမျှ "Enjoy flying- It's time to Vietjet" အစီအစဉ်ဟာ ခရီး သည်အများအပြားကို ဗီယက်နမ် နိုင်ငံတစ်ဝန်းနဲ့ ရွှေရောင်စေတီ ပုထိုးများနှင့်တိုင်းပြည်လို့လူသိများ တဲ့ မြန်မာနိုင်ငံနဲ့ အံ့မခန်းလောက် အောင် ကောင်းမွန်တဲ့ အစား အသောက်နဲ့ ယဉ်ကျေးမှုတွေ ကြောင့် ထင်ရှားတဲ့တောင်ကိုရီး ယားနိုင်ငံတို့လို နိုင်ငံတွေကို စိတ် အေးချမ်းသာစွာနဲ့ လာရောက် လည်ပတ်နိုင်စေမယ်လို့ ကျွန် တော်တို့မျှော်လင့်ပါတယ်'' ဟု Vietjet ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာဒါရိုက်တာ Mr. Desmond Lin ကပြောကြားသည်။

Vietjet လေကြောင်းလိုင်း သည် ဗီယက်နမ်နိုင်ငံ၏လေ ကြောင်းခရီးသွားလာမှုဈေးကွက် တွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး လက်ရှိတွင် A 320 နှင့် A 321 အပါအဝင် လေယာဉ် ၂၆ စီးဖြင့် နေ့စဉ်ခရီးစဉ်အကြိမ်ရေ ၁၅ဝ ပျံ သန်းပြေးဆွဲလျက်ရှိကြောင်း သိရ သည်။

ဝိုင်းဝိုင်း
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template