ကော့သောင်းတွင် ခရိုင်နှင့် မြို့နယ် ပါတီ ရုံးခန်း ဖွင့်လှစ်စဉ်
ဓာတ်ပုံ - နိုင်သစ် / Dawei Watch
ဓာတ်ပုံ - နိုင်သစ် / Dawei Watch
ကော့သောင်း၊ သြဂုတ် ၂၆
သမ္မတ ဦးသိန်းစိန်
အစိုးရ၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးနေဇင်လတ် ခေါင်းဆောင်သည့်
အမျိုးသားတိုးတက်ရေးပါတီမှ တနသ်ာရီ တိုင်းဒေသကြီးအတွင်းမြို့နယ် ၅ ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြော င်း
အမျိုးသားတိုးတက်ရေးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူများထံမှ သိရသည်။
ယင်းပါတီမှ
ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ပုလောနှင့် တနင်္သာရီမြို့နယ်ရှိ မဲဆန္ဒနယ် ၁၁ ခုတွင်
ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အမျိုးသားတိုးတက်ရးပါတီ ပြောရေးဆိုခွင့် ရှိသူ
ဒေါက်တာလင်းကျော်သူထွန်းက ပြောသည်။
“တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ နိုင်ငံရေးပါတီတွေ ဝင်ပြိုင်တာဖြစ်လို့ ထွေထွေထူးထူး ပြောစရာတော့မရှိပေမဲ့
ရသင့်ရထိုက်တဲ့ မဲအရေအတွက် မရပဲ မဲကစဥ့်ကလျား ဖြစ်သွားမှာ စိုးရိမ်တယ်”ဟု
ပိတောက်ရွှေဝါ ရပ်ကွက်နေ ဦးအောင်စိုးက ဖွင့်ဟသည်။
တိုင်းအတွင်း
ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့က တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံး ၄၃ နေရာ စလုံးကို
ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး တ.စ.ည ပါတီက မဲဆန္ဒနယ် ၃၃ နေရာ၊ ထားဝယ်တိုင်းရင်းသားများပါတီက
၁၃ နေရာ စသဖြင့် ပါတီ ၁၁ ခု ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
|Dawei
Watch|