Headlines News :
Home » » ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖုန်း''ဂိုနီ''တိုက်ခတ်၊ လူ ၁၄ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖုန်း''ဂိုနီ''တိုက်ခတ်၊ လူ ၁၄ ဦး သေဆုံး

Written By Live100 on Monday, August 24, 2015 | 9:03 AM



မနီလာ သြဂုတ် ၂၃

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖုန်း'ဂိုနီ'တိုက်ခတ်မှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ၃၃ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက သြဂုတ် ၂၂ ရက်တွင် ပြောသည်။

တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူသုံးဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချ ရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ခရိုင်ငါးခုရှိ ဒေသခံ ၃၃ဝဝဝ နီးပါးကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ယင်းဒေသများတွင် မြစ်ရေကြီးမှုကြောင့် တံတားတစ်စင်းပျက်စီးခဲ့သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံ၏အခြေခံအဆောက်အအုံများ ပျက်စီး မှုနှင့် လယ်ယာစိုက်ပျိုးရေး ထိခိုက်ပျက်စီးမှုများသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ဒသမ ၇ဝ ကျော်ရှိကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ခန့်မှန်းထားသည်။

တိုင်ဖုန်း'ဂိုနီ'သည် တစ်နာရီလျှင် ၁၄ဝ မှ ၁၇ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံအပြင် ဘက်သို့ ဦးတည်တိုက်ခတ်လိမ့်မည်ဟု ခန့်မှန်းရကြောင်း နိုင်ငံပိုင် ရာသီဥတု ခန့်မှန်းရေးအေဂျင်စီက ဆိုသည်။

ဆင်ဟွာ။
The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template