Headlines News :
Home » » နီပေါ တွင် ဒေသခံတိုင်းရင်းသားများက ရဲတပ်ဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်

နီပေါ တွင် ဒေသခံတိုင်းရင်းသားများက ရဲတပ်ဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်

Written By Live100 on Wednesday, August 26, 2015 | 2:54 PM


နီပေါနိုင်ငံ အနောက်ပိုင်းက ကိုင်လာလီ (Kailali) ခရိုင်မှာ သြဂုတ် ၂၄ ရက်နေ့က ဒေသခံ တိုင်းရင်းသားတွေက ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် လူ ၉ ဦး သေဆုံးသွားပါတယ်။
ရဲအရာရှိ ၁ ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦးလည်း ပါဝင်ပါတယ်။
ဒေသခံ တာရူတိုင်းရင်းသားတွေက သူတို့အစိုးရကို သီးသန့် ပြည်နယ်ပေးဖို့ တောင်းဆိုနေပေမယ့် အစိုးရက အသစ်ရေးဆွဲနေတဲ့ အခြေခံဥပဒေထဲမှာ တိုင်းဒေသကြီး ၇ ခုအနက် ၁ ခုတည်းကို ထည့်သွင်းဖို့ ပါလီမန်မှာ ဆွေးနွေးနေကြတာပါ။ အခု ဒီအခြေခံဥပဒေသစ်ကို အခုလထဲမှာပဲ အပြီးသတ်ဖို့ ရှိပါတယ်။
တာရူးဒေသခံ တိုင်းရင်းသားတွေက ရဲတပ်ဖွဲ့ဝင်တွေကို ၀ိုင်းပြီး တုတ်၊ ဓားလက်နက်တွေနဲ့ တိုက်ခိုက်ကြတာလို့ နီပေါပြည်ထဲရေးဝန်ကြီးက ပါလီမန်မှာ ပြောဆိုပါတယ်။
ဒါကြောင့် နီပေါစစ်တပ်ကိုလည်း အခင်းဖြစ်ပွားခဲ့တဲ့မြို့မှာ လုံခြုံရေးတာဝန်  ပေးအပ်ခဲ့ရပါတယ်။
နီပေါအခြေခံဥပဒေသစ်ဟာ ဒေသခံ လူနည်းစု တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးမထားဘဲ ပြဋ္ဌာန်းတာဆိုပြီး ပြစ်တင် ဝေဖန်ခံနေရတာပါ။
ဒါကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေသခံ တိုင်းရင်းသားတွေက အခြေခံဥပဒေသစ်ကို လက်မခံ ဆန့်ကျင်ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်ပွားလာခဲ့ပြီး နီပေါလုံခြုံရေးတွေနဲ့လည်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့တာပါ။

DNP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template