Headlines News :
Home » »့ မြန်မာ အားကစား အဖွဲ့ ဝင်များ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို သွားရောက် ယှဉ်ပြိုင်မည်

့မြန်မာ အားကစား အဖွဲ့ ဝင်များ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို သွားရောက် ယှဉ်ပြိုင်မည်

Written By Live100 on Tuesday, August 25, 2015 | 8:34 PM

အားကစား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား အားကစား အဖွဲ့ဝင်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

    စင်ကာပူနိုင်ငံ၌ ကျင်းပမည့် လက်ဆင့်ကမ်း လမ်းပေါ် စက်ဘီးပြိုင်ပွဲ နှင့် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှအကြီးတန်း အလေးမ ပြိုင်ပွဲများသို့ မြန်မာအားကစား အဖွဲ့ ဝင်များ သွားရောက် ယှဉ်ပြိုင်ရန် ရှိကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

စင်ကာပူ နိုင်ငံ၌ သြဂုတ်လ ၂၉ ရက်မှ ၃၀ ရက် အထိ ကျင်းပမည့် လက်ဆင့်ကမ်း လမ်းပေါ် စက်ဘီး ပြိုင်ပွဲသို့ မြန်မာ အားကစား အဖွဲ့ ဝင်များမှ အုပ်ချုပ်သူ နည်းပြ ၊ အားကစားသမား ၇ ဦးနှင့် ၊ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှအကြီးတန်း အလေးမ ပြိုင်ပွဲသို့ နည်းစနစ် ကျွမ်းကျင်သူ အဖြစ် နည်းပြ ၂ ဦး ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား ၂ ဦးတို့ သည် သွားရောက် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ထိုကဲ့သို့ ပြည်ပသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစား အဖွဲ့ ဝင်များအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက မြန်မာ အားကစား အဖွဲ့ များသည် ယခုကဲ့သို့ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ပြီး မိမိတို့ စံချိန် စံညွှန်းများ မှတ်တမ်း တင်ကာ ပြိုင်ပွဲ အသုံးပြု ပစ္စည်းများအား အံဝင်မှု ရှိ/မရှိ မှတ်သား ထားရန် ၊ ယင်းမှသာ Seagame ပြိုင်ပွဲအတွက် အတွေ့ အကြုံ ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း ၊ အဖွဲ့ ချုပ်များ အနေနှင့် ပြိုင်ပွဲ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြ စေလိုကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် ပံ့ပိုး ကူညီသွားမည် ဖြစ်ပြီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိလာအောင် ကစားကြရန် ယနေ့ နေပြည်တော်၌ တွေ့ ဆုံ မှာကြားခဲ့ကြောင်း သိရသည်။
(Xinhua)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template