သီတဂူ ဆရာတော်အရှင်ဉာဏိဿရက၏ ရခိုင်ဒေသခရီးစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ Photo: သီတဂူအောင်သန်းဝင်း( Facebook ) |
ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော် အရှင်ဉာဏိဿရဟာ မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကိုသွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ အချို့လှူဒါန်းပေးခဲ့ သလို ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ရေဘေးသင့်မြို့နယ် ၆ ခု အတွက် ဆန်အိတ်ပေါင်း ၂၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
RFA Burmese